မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အမေရိကန် အဆင့်မြင့် အရာရှိတွေ တွေ့ဆုံ

  • 30 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အမေရိကန် အဆင့်မြင့် အရာရှိတွေနဲ့ ဝါရှင်တန်မြို့မှာ ရှားရှားပါးပါး တွေ့ဆုံဆွေးနွေးမှု တခုပြုလုပ်ခဲ့တယ်လို့ အမေရိကန် အစိုးရက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့ ရောက်နေတဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ ထိတွေ့ဆက်ဆံမှု တွေလုပ်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှု အဖြစ် အခုလို အစည်းအဝေး ကျင်းပခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ Mark Toner ကဆိုပါတယ်။

အခု အတောအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အစိုးရကြား တွေ့ဆုံ ဆွေးနွေးမှု လိုမျိုး ဖြစ်ပေါ်တိုးတက်မှုတွေကို အမေရိကန်က ကြိုဆိုပေမယ့် နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ပေးရေး အပါအဝင် အရေးပါတဲ့ ကိစ္စရပ်တွေမှာ တိုးတက်မှု ရှိတာကို မြင်လိုတယ်လို့ သူကပြောပါတယ်။