ပင်လယ်ဓါးပြတွေဟာ ရေကြောင်း သွားလာမှုမှာ ပြဿနာတရပ်ဖြစ်

  • 30 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် တရားရုံးမှာ ဆိုမာလီ ပင်လယ် ဓါးပြမှု ကြားနာနေပုံ

ပင်လယ် ဓါးပြတွေရဲ့ ဖမ်းဆီး ပြန်ပေးဆွဲ ခြိမ်းခြောက် ခံရသူတွေနဲ့ ဆွေမျိုး မိသားစုတွေ အရေအတွက် တိုးလာနေပြီး သူတို့ ရင်ဆိုင်ရတဲ့ တုန်လှုပ်ဖွယ် ဖြစ်ရပ်အပေါ် စိတ်ဒဏ်ရာ ခံစားရမှုတွေ ပျောက်ကင်း သက်သာအောင် အကူအညီ ပေးမယ့် နိုင်ငံတကာ အဖွဲ့တဖွဲ့ကို ပင်လယ်ဓါးပြ ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူတွေက လန်ဒန်မှာ ဖွဲ့စည်းလိုက်ပါပြီ။

ဆိုမာလီ နိုင်ငံ တခုတည်းမှာတင် ဖမ်းဆီး ပြန်ပေးဆွဲ ၊ ငွေတောင်းမှုတွေ ၃ဝဝ ကျော်လောက် ရှိပြီး ပြန်ပေးဆွဲ ခံရသူတွေဟာ နှိပ်စက်ခံရတာ အပါအဝင် စိတ်ရော ကိုယ်ပါ ညှင်းပမ်း ခံရတာ တိုးလာနေတယ်လို့ အဖွဲ့ စီစဉ် ကြီးကြပ်သူတွေက ပြောပါတယ်။

မနှစ်တုန်းက အိန္ဒိယ ပင်လယ်ကနေ တောင်တရုတ် ပင်လယ်ပြင် အတွင်း ပင်လယ် ဓါးပြတိုက်ခံရ မှုတွေကြောင့် ခန့်မှန်းချေ ဒေါ်လာ ဆယ့်နှစ် ဘီလီယံလောက် ဆုံးရှုံးခဲ့ပြီး ဒါဟာ ပင်လယ် ရေကြောင်း သွားလာရေး လုပ်ငန်းမှာ တကမ္ဘာလုံး ဆိုင်ရာ ပြဿနာကြီး တရပ် ဖြစ်နေတယ်လို့ သူတို့က ဆိုပါတယ်။