ပါကစ္စတန်နဲ့ ဆွေးနွေးမှ ရမယ်လို့ ခါဇိုင်းပြော

  • 1 အောက်တိုဘာ 2011
Afghan Pakistan
Image caption ပါကစ္စတန်နဲ့ ဆွေးနွေးမှ ငြိမ်းချမ်းရေး ရမယ်လို့ အာဖဂန် ခါဇိုင်းပြော

အာဖဂန် နစ္စတန်မှာ ငြိမ်းချမ်းရေး ရဖို့ တခုတည်းသော နည်းလမ်းဟာ တာလီ ဘန်နဲ့ ဆွေးနွေးရေး မဟုတ်ဘဲ ပါကစ္စတန် အစိုးရနဲ့ ဆွေးနွေးရေးသာ ဖြစ်တယ်လို့ အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်းက ဘာ သာရေး ခေါင်းဆောင် တစုကို ပြော လိုက်ပါတယ်။

တာလီဘန် ကောင်စီ ဘယ်မှာ ရှိလဲ၊ သူတို့ ခေါင်းဆောင် မူလာ အိုမား ဘယ်ရောက်နေလဲ ဆိုတာ သိဖို့ မဖြစ်နိုင်ဘူးလို့ မစ္စတာ ခါဇိုင်းက ပြောပါတယ်။

ခုလ အစောပိုင်းက တာလီဘန် ကိုယ်စားလှယ်ယောင် ဆောင်ပြီး အာဖဂန် သမ္မတဟောင်း ဘာဟာနူဒင် ရာဘီနီကို အသေခံ လုပ်ကြံခဲ့တဲ့ အဖြစ်အပျက် အပြီးမှာ ပါကစ္စတန်နဲ့ တွေ့ဆုံ ဆွေးနွေးရေးကို အာရုံစိုက်မှ ရတော့မှာကို သဘော ပေါက်လာခဲ့တယ်လို့ အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်းက ပြောပါတယ်။

ဒီအတော အတွင်း အာဖဂန် နစ္စတန် နိုင်ငံထဲ အစိုးရကို လက်နက်ကိုင် တော်လှန် နေတဲ့ ဟာခါနီ ကွန်ယက် အဖွဲ့ဟာ ပါကစ္စတန် နိုင်ငံက လူမျိုးစုတွေ နေထိုင်တဲ့ အရပ် ဒေသ တွေမှာ လှုပ်ရှား နေတယ်လို့ ပါကစ္စတန် အစိုးရရဲ့ အရင် အမျိုးသား လုံခြုံရေး အရာရှိက ဝန်ခံ ပြောကြား လိုက်ပါတယ်။

အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်မှု လုပ်နေသူ တိုင်းဟာ ပါကစ္စတန် မြောက်ပိုင်းက ဝါဇစ်ရစ္စတန် နယ်မှာ စစ်တပ် ချထားတဲ့ကြားက လှုပ်ရှားနေတယ်လို့ အငြိမ်းစား ဗိုလ်ချုပ်ကြီး မာမွတ် ဒူရာနီက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ပါကစ္စတန် စစ်တပ်ဟာ အင်အား အပိုမရှိတဲ့အတွက် ဟာခါနီ ကွန်ယက် အဖွဲ့ကို မတိုက်နိုင် ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ပါကစ္စတန် အာဏာပိုင်တွေက ဟာခါနီ ကွန်ယက်ကို သူတို့ နယ်ထဲမှာ ခိုလှုံခွင့် ပေးထား တယ် ဆိုတဲ့ စွပ်စွဲချက် တွေကို ငြင်းဆိုပေမယ့် အမေရိကန် ကတော့ ပါကစ္စတန်ဟာ စစ်သွေးကြွ တွေကို အထောက် အပံ့ ပေးထား တယ်လို့ ပြောနေပါတယ်။