ရေကာတာ စီမံကိန်း အတွက် တိုင်ပင် လုပ်ဖို့ တရုတ်ပြော

  • 2 အောက်တိုဘာ 2011
irrawaddy_river_ ဓာတ်ပုံ မူပိုင် AP
Image caption မြစ်ဆုံ တနေရာ

မြန်မာ သမ္မတ က တရုတ်နဲ့ ဖက်စပ် ရေကာတာ ဆောက်နေတဲ့ စီမံကိန်းကို ရပ်ဆိုင်း ထားလိုက် တာနဲ့ ပတ်သက်ပြီး အဲဒီ မှာပါဝင် ဆောက်ရွက် နေတဲ့ ကုမ္ပဏီ တွေရဲ့ အကျိုးစီးပွား ကို အလေး ထားဖို့ တရုတ်က မြန်မာဘက်ကို ပြောပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဒီစီမံကိန်း မှာ ၂ ဘက်စလုံးက ရင်းနှီး မြှုပ်နှံ ထားပြီး ဖြစ်တဲ့ အတွက် အပြောင်းအလဲ တွေ လုပ်လာ မယ်ဆိုရင်လဲ ရင်းရင်းနှီးနှီးနဲ့ တိုင်တိုင်ပင်ပင် လုပ်ဖို့ သင့်တယ်လို့ ဆိုပါတယ်။

မြန်မာ သမ္မတကြီး ဦးသိန်းစိန်က မြန်မာ ပြည်သူ ပြည်သား တွေရဲ့ ဆန္ဒ အတိုင်း ပြီးခဲ့တဲ့ သောကြာနေ့က ဒီ ၃ ဒဿမ ၆ ဘီလီယံ ဒေါ်လာ တန်ဘိုးရှိတဲ့ စီမံကိန်းကို သူ့ သက်တမ်း အတွင်း ရပ်ဆိုင်းထား မယ်လို့ ဆိုပါတယ်။ ဒီလို ဆုံးဖြတ် လိုက်တာ ကို မြန်မာ နိုင်ငံ အတွင်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ကြိုးပမ်း နေကြသူတွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ အကြား မှာ ရှားရှားပါးပါး အောင်မြင် မှု တရပ် အဖြစ် ကြိုဆို လိုက်ကြပါတယ်။

ဒီလို မြစ်ဆုံ ရေကာတာ စီမံကိန်း ကို ရပ်နား ထား လိုက်ပေမယ့် တရုတ် ဘက်ကတော့ ဘာမှ ထိခိုက် မှု ရှိမှာ မဟုတ်ဘူး လို့ တရုတ် မြန်မာ အရေး ကိစ္စ တွေကို လေ့လာ နေတဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ က ဒေါက်တာ လှကျော်ဇောက သုံးသတ် ပါတယ်။

တရုတ်က စွမ်းအင် အရံ အင်အား အတွက် လဲ အများကြီး စုဆောင်း ထားပြီး ဖြစ်ကြောင်း နဲ့ ရေရှည် သေနင်္ဂ ဗျူဟာ အရ အဆက် မပြတ် စွမ်းအင် ရနေ နိုင်ရေး အတွက် အရေး အကြောင်း မှာ မလက္ကာ ရေ လက်ကြား ပိတ်သွား ခဲ့ရင် သူ့ရဲ့ စက်မှု လုပ်ငန်းကြီး တခုလုံး မရပ် သွား နိုင်အောင် အနောက် ပေါက်ကို ဖွင့်ထား တာ သာ ဖြစ်ကြောင်း နဲ့ အခု ကိစ္စ မှာ လဲ အများ အပြား တည်ဆောက် မဲ့ အထဲကမှ မြစ်ဆုံ တခုပဲ ရပ်မှာ ဖြစ်တဲ့ အတွက် အဲဒီ အတွက် ကျန်တဲ့ ဘက်က လှည့်ယူ သွား မှာ ဖြစ်ကြောင်း သုံးသတ် ပြောကြား သွား ပါတယ်။