အီဂျစ် ရွေးကောက်ပွဲ ဥပဒေ စစ်တပ် ပြင်မည်

  • 2 အောက်တိုဘာ 2011
Egypt ဓာတ်ပုံ မူပိုင် AFP
Image caption အီဂျစ်မှာ ရွေးကောက်ပွဲ ဥပဒေ ပြင်ဖို့ စစ်ကောင်စီ ဆုံးဖြတ်

အီဂျစ် နိုင်ငံမှာ လက်ရှိ အာဏာရ စစ် ကောင်စီက အငြင်းအခုံ ဖြစ်နေတဲ့ ရွေးကောက်ပွဲ ဥပဒေ တချို့ကို ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတဲ့ သတင်းတွေ ကိုင်ရို ကနေ ရရှိပါတယ်။

အသေးစိတ်တော့ မသိရ သေးပါဘူး။

ခုသီတင်းပတ် အစောပိုင်းက နိုင်ငံရေး ပါတီ တွေက ဒီဥပဒေကို ပြင်မပေးရင် ရွေးကောက် ပွဲကို သပိတ် မှောက်မယ်လို့ ပြောထားပါတယ်။

ဒီဥပေဒကို ပြင်ပေးဖို့ တောင်းဆိုနေသူတွေ ထဲမှာ ထောက်ခံမှု ကောင်းကောင်း ရှိတဲ့ မွတ်စလင် ညီအကိုတော်များ အဖွဲ့လို ပါတီတွေ ပါဝင်ပြီး ဒီဥပဒေနဲ့ သမ္မတဟောင်း မူဘာရက်ကို ထောက်ခံသူတွေ အာဏာ ပြန်ရလာမှာကို သူတို့က စိုးရိမ်နေပါတယ်။

ခုတော့ စစ်ကောင်စီက ဒီဥပဒေကို ပြင်ဆင်ဖို့ သဘော တူလိုက်ပြီ ဆိုပြီး အစိုးရ မီဒီ ယာတွေက ကြေညာ သွားပါတယ်။

အီဂျစ်မှာ ဒီမိုကရေစီ နည်းကျ ပြုပြင် ပြောင်းလဲမှုတွေကို မြန်မြန် ဆန်ဆန် ဖော်ဆောင်ပေးဖို့ ဖိအားပေး ခံနေရတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲ ဥပဒေတွေ အပြင် အရေးပေါ် ဥပဒေ တွေကိုပါ လေ့လာကြည့်မယ်လို့ ပြောလာပါတယ်။

သောကြာနေ့ကတော့ ကိုင်ရို မြို့လယ်ခေါင်က တာဟီယာ ရင်ပြင်မှာ လူပေါင်း သောင်းချီ စုဝေး ဆန္ဒ ပြခဲ့ပြီး အရပ်သား အစိုးရဆီ အာဏာ မြန်မြန် လွှဲပေးဖို့ တောင်းဆို ခဲ့ပါတယ်။