ပြင်သစ် အမျိုးသမီး ကင်ညာမှာ ပြန်ပေးဆွဲခံရ

  • 2 အောက်တိုဘာ 2011
lamu ဓာတ်ပုံ မူပိုင် online
Image caption လမူး ဒေသ

ကင်ညာ နိုင်ငံက လမူး ကမ်းခြေ အပန်း ဖြေ စခန်း အနီး ကနေ ပြန်ပေး ဆွဲ ခံခဲ့ ရတဲ့ ပြင်သစ် အမျိုးသမီး ကြီးကို ဆိုမာ လီယာ နိုင်ငံ ထဲကို ခေါ်ဆောင် သွားခဲ့ ပြီ ဖြစ်တယ်လို့ ကင်ညာ အစိုးရ က ပြော ပါတယ်။

ဒီ ပြန်ပေး ဆွဲသမား တွေ ဟာ လုံခြုံရေး တွေနဲ့ တိုက်ပွဲ တခု ဖြစ်ပွား ခဲ့ပြီးမှ ခုလို လွတ်မြောက် သွား ခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။

ဒီ ပြန်ပေးဆွဲ ခံခဲ့ ရတဲ့ အမျိုးသမီး ကြီး ဟာ အသက် ၆၀ ကျော် ရှိပြီ ဖြစ်ပြီး မသန်မစွမ်း ဖြစ်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

ပြင်သစ် နဲ့ ဗြိတိန် နိုင်ငံ တွေကတော့ ကမ္ဘာ လှည့် ခရီးသွား တွေကို ဒီ ဒေသ ဘက်ကို ခြေဦး မလှည့် မိကြဖို့ သတိပေး ထား ပြီလို့ ဆိုပါတယ်။

ဒါပေမယ့် ကင်ညာရဲ့ ခရီးသွား ဝန်ကြီး နာဂျစ် ဘာလာလာ ကတော့ အဲဒီ ကိစ္စ အတွက် ကင်ညာ အစိုးရက က ကိုင်တွယ် ထိန်းချုပ်ထား နိုင်ကြောင်း ပြောပါတယ်။ နယ်စပ်ကို ဖြတ်ပြီး ကယ်တင်ရေး ကိစ္စ ကိုလဲ ဘေးဖယ် မထား သေးဘူး လို့လဲ သိရပါတယ်။

ပြီးခဲ့တဲ့ သတင်း ၃ ပတ် လောက်ကလဲ ကင်ညာရဲ့ ကမ်းခြေတခု မှာ ဗြိတိသျှ အမျိုး သမီး တဦးကို ဆိုမာလီယာ သေနတ် သမားတွေက သူမရဲ့ ခင်ပွန်းသည်ကို သတ်ပစ်ပြီး ပြန်ပေး ဆွဲ သွားခဲ့ပါတယ်။