လစ်ဗျား ဥပဒေ စိုးမိုးမှု HRW စိုးရိမ်

  • 1 အောက်တိုဘာ 2011
Libya
Image caption လစ်ဗျားမှာ မထင်ရင် မထင်သလို ဖမ်းပြီး ညှင်းပန်း နှိပ်စက်မှုတွေ ရှိနေ

လစ်ဗျားမှာ လက်နက်ကိုင်တွေက လူတွေကို မထင်ရင် မထင်သလို ဖမ်းပြီး နှိပ်စက် မေး မြန်းနေတာတွေ ရပ်အောင် လုပ်ဖို့ လစ်ဗျား အသွင် ကူးပြောင်းရေး ကောင်စီကို လူ့အ ခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က တောင်းဆို လိုက်ပါတယ်။

လူ့အခွင့်အရေး အဖွဲ့ဟာ လစ်ဗျား နိုင်ငံထဲက ထိန်းသိမ်းရေး အကျဉ်းစခန်း နှစ်ဆယ်ကို သွားရောက် ကြည့်ရှုခဲ့ပြီး ခြောက်ခုမှာ ရိုက် နှက်တာ၊ ကြင်စက်နဲ့ တို့တာ အပါအဝင် မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ဆက်ဆံနေတဲ့ သတင်းတွေ ရရှိတယ်လို့ ပြောပါတယ်။

မုဒိမ်းမှုနဲ့ လူသတ်မှုနဲ့ စွပ်စွဲ ခံရသူတွေဟာ တခြားလူတွေထက် ပိုခံရပြီး သူတို့ကို စစ်ကြော သူတွေက နှိပ်စက်ပြီး ဝန်ခံခိုင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

အဲဒိအတွက် လစ်ဗျားက အသွင်း ကူးပြောင်းရေး ကောင်စီ အနေနဲ့ ဖမ်းဆီး ခံထားရသူ အားလုံးကို ဥပဒေက အကာအကွယ် ဘယ်လောက်ပေးထားလဲ ဆိုတာတွေကို ပြန်လှန် သုံးသပ်နိုင်မယ့် တရား စီရင်ရေး စနစ် ဖော်ဆောင်ရေးကို ဦးစားပေး လုပ်ဆောင်ဖို့ လူ့အခွင့် အရေး အဖွဲ့က တိုက်တွန်း ခဲ့ပါတယ်။