ဆီးရီးယားမှာ ဗုံးဖျက်ရင်း ၃ ဦးသေဆုံး

  • 2 အောက်တိုဘာ 2011
syria ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား က ဆန္ဒပြနေကြသူများ

ဆီးရီးယား နိုင်ငံက ဒမတ်စကတ်စ် မြို့တော် အနားမှာ၊ ထောင်ထားတဲ့ ဗုံး တလုံးကို မပေါက်ခင် မှာ ဖျက်ဆီးဖို့ ကြိုးစားရင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး သွားကြောင်း ဆီးရီးယား နိုင်ငံ ပိုင်သတင်း ဌာန ကပြော ပါတယ်။

ဟာမာ မြို့မှာလဲ ရဲနဲ့ ပူးပေါင်း လုပ်ကိုင်နေတဲ့ အရပ်သား ၃ ဦးဟာ အတိုက်အခံ တွေ ကို လိုလားတဲ့ သေနတ်သမား တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ ရတယ်လို့ ဆိုပါတယ်။

အတိုက်အခံ တွေရဲ့ အဆို အရတော့ လောလောဆယ်မှာ အပြင်းထန် ဆုံး တိုက်ပွဲ တွေ ဖြစ်နေကြ တာကတော့ နိုင်ငံ အလယ်ပိုင်းက ဟွမ်းစ် နဲ့ ရပ်စတန် မြို့တွေ မှာ ဖြစ်ပါတယ်။

အဲဒီ ဒေသတွေ မှာ တိုက်ပွဲ တွေ ဖြစ်နေတာ ရက် အတော် ကြာနေပြီ ဖြစ်တယ်လို့ လဲ ဆိုပါတယ်။ အတိုက်အခံ အုပ်စု တခုကတော့ အစိုးရ စစ်တပ် ဘက်က တင့်ကား နဲ့ သံချပ်ကာကား တွေ သုံးပြီး ရပ်စတန် မြို့ထဲ ကို ဝင် ရောက် လာနိုင်ခဲ့ တာကြောင့် အဲဒီ မြို့ကို အစိုးရ ဘက်က ပြန်လည် ထိန်းချုပ် ထား နိုင်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲဒီ ဒေသ တွင်းက အတိုက်အခံ တွေက အစိုးရနဲ့ ရှေ့မတိုး နောက်မဆုတ် နိုင် ဖြစ်နေတဲ့ အခြေအနေကို အင်အား မသုံးဘဲ ဖြေရှင်းလို့ ရနိုင် မလား ဆိုတာကို သုံးသတ် မေးခွန်း ထုတ်နေကြ တယ်လို့ အဲဒီ ဒေသက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။