ဂရိ ဘဏ္ဍာရေး မှန်းသလို မဖြစ်သေး

  • 3 အောက်တိုဘာ 2011
greece bank ဓာတ်ပုံ မူပိုင် no
Image caption ဂရိ နိုင်ငံ

ဂရိ နိုင်ငံ မှာတော့ ဘဏ္ဍာရေး အခြေ အနေ တွေ ပုံမှန် ဖြစ်လာ စေဖို့ အပြင်း အထန် ကြိုးစား စီမံ နေပေမယ့် ဒီနှစ် မှာရော နောက်နှစ် မှာပါ ကြွေးမြီ တွေကို ရည်မှန်း ထားတဲ့ ပမာဏ အထိ လျှော့ချ ပစ်ဖို့ မဖြစ် နိုင်သေးဘူး လို့ သိရ ပါတယ်။

ဒါဟာ လက်ရှိ စီးပွားရေး အခြေအနေ တွေက အရင်က မျှော်မှန်း ထားခဲ့ တာထက်ကို ပိုပြီး အခြေ အနေ တွေဆိုး နေလို့ ဖြစ်ရတာ လို့ ဂရိ အစိုးရ က ဆိုပါတယ်။ ဒီနှစ် မှာ ဆိုရင် ဂရိ နိုင်ငံရဲ့ စီးပွားရေးဟာ အရင် မှန်းထား တာထက် ၂ ဆပိုပြီး ၅ ဒဿမ ၅ ရာခိုင်နှုန်း လောက် အထိ ကျဆင်း သွားဖို့ ရှိတယ်လို့ ခန့်မှန်း ထားကြ ပါတယ်။

အစိုးရဘက် ကတော့ အသုံး စားရိတ် လျှော့ချ တာတွေ၊ အခွန်နှုန်း ထားတွေ တိုးမြှင့်တာတွေ ကို လုပ်နေ ပါတယ်။ ဒါပေမယ့် နောက်ဆုံး တွက်ချက်မှုတွေ အရတော့ ဒီနှစ်ထဲမှာ ဂရိနိုင်ငံရဲ့ ဘဏ္ဍာရေး လိုငွေ ပြမှုဟာ ၂ ဒဿမ ၆ ဘီလီယံ ဒေါ်လာ ကျော်ရှိနေ ပါတယ်။