ဆတ်မြို့ကနေ လူတွေ ထွက်ပြေးနေ

  • 2 အောက်တိုဘာ 2011
civilian_people_leaves_sirte_libya ဓာတ်ပုံ မူပိုင် AFP
Image caption ဆတ်မြို့ကနေ ပြေးလာကြသူများ

လစ်ဗျား နိုင်ငံက ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နောက်ဆုံး အမာခံ စခန်းဖြစ်တဲ့ ဆတ်မြို့ကနေ ပြီး လူထောင်ပေါင်း များစွာ ဟာ ယာယီ အပစ်အခတ် ရပ်ဆဲ ထား တဲ့ အချိန် အတွင်းမှာ မြို့ကို စွန့်ခွာ ထွက်ပြေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆတ်မြို့ရဲ့ ဆင်ခြေပုန်းမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်ကတော့ ကိုယ်ပိုင် ဥစ္စာ ပစ္စည်းတွေ ကို ကားတွေ ပေါ် မှာ တင်ဆောင်ပြီး ထွက်ပြေး လာကြတဲ့ မိသားစု ပေါင်း များစွာ ရဲ့ ယာဉ်တန်းတွေ ကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီ ပြေးလာ ကြသူတွေ ထဲမှာ တော်တော် များများဟာ စိုးရိမ် ပူပန် နေကြပုံ ရတယ်လို့ လဲ ဆိုပါတယ်။

ဒီလို ထွက်ပြေး လာ ကြသူတွေကို လစ်ဗျား အသွင်ပြောင်း အစိုးရသစ် ရဲ့ တပ်ဖွဲ့တွေက စစ်ဆေးပြီး စက်သုံးဆီ အပို ပါပေးလိုက်ကြတယ် လို့ လဲ သိရပါတယ်။

ဆတ်မြို့ကို အသွင်ပြောင်း အစိုးရ ရဲ့ တပ်တွေ ဝိုင်းပြီး တိုက်နေခဲ့ကြ တာဟာ သတင်းပတ် အနည်းငယ် ကြာနေပြီ ဖြစ်ပေမယ့် ကဒါဖီ ရဲ့ သစ္စာခံ တပ်တွေက တော့ အပြင်းအထန် ကို ခုခံ နေကြဆဲ ပဲ ဖြစ်ပါတယ်။