နယူးယောက်မြို့ ဆန္ဒပြသူတွေ ဖမ်းဆီးခံရ

  • 2 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြသူတွေကြောင့် တံတားမှာ လမ်းပိတ်လို့ ဖမ်းတာလို့ အရာရှိတဦးက ပြောပါတယ်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဘရွတ်ခ် လင် တံတားကိုပိတ်ပြီး ဆန္ဒပြနေ ကြတဲ့ လူပေါင်း ၇၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ငွေရှင်ကြေးရှင်တို့ရဲ့ အလိုလောဘ ကြီးမှုတွေ ကို တွေ့မြင်နေရတဲ့အတွက် ဆန့်ကျင် ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စီးပွားရေးအရ တရားမျှတမှု မရှိရင်တော့ တည်ငြိမ်အေးချမ်းရေးလည်း ရှိနိုင်မှာ မဟုတ်ဘူးဆိုပြီး ဆန္ဒပြသူတွေက ကြွေးကြော်နေခဲ့ကြ ပါတယ်။

ဆန္ဒပြသူတွေကြောင့် မန်ဟတ်တန် ကလာတဲ့ တံတားဘက်မှာ လမ်းပိတ်မှုတွေ ဖြစ်နေတဲ့ အတွက် သူတို့ ဖမ်းဆီးရတာ ဖြစ်တယ်လို့ အရာရှိတဦးက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ စီးပွားရေးအရ အချက်အခြာ ကျတဲ့ Wall Street အနီးတဝိုက်မှာ စခန်းချ နေခဲ့တာ ၂ ပတ်ရှိပြီ ဖြစ်ပါတယ်။

အရှင်းရှင် စနစ်ကို ဆန့်ကျင်သူ အုပ်စုတွေ စုပေါင်းပြီး '' Occpy Wall Street '' လို့ ခေါ်တဲ့ လျော့ရဲရဲ မဟာမိတ်အဖွဲ့ကို ဖွဲ့ထားကြပါတယ်။

အဲဒီအဖွဲ့ကပြောတာကတော့ လူမှုအသိုင်းအဝိုင်းမှာ မမျှတ မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေ တယ်၊ အလုပ်လက်မဲ့ဖြစ်မှု မြင့်မားနေပြီး ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းရှင်တွေ ကျေနပ်အောင် နိုင်ငံရေးအရ လုပ်ပေးနေတယ် - ဒါကို ဆန့်ကျင်တဲ့ အနေနဲ့ ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။