ရာဝမ်ဒါ သမ္မတ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်လို့ ဆို

  • 4 အောက်တိုဘာ 2011
Image caption ရာဝမ်ဒါ သမ္မတ ပေါလ် ကာဂါမေ

ရာဝမ်ဒါ သမ္မတ ပေါလ် ကာဂမေဟာ အရင် သမ္မတဟောင်း Juvenal Habyarimana ကို သတ်ဖြတ်မှု မှာ ပါဝင်နေတယ်လို့ အရင်တုန်းက သူ့နဲ့ နီးနီးကပ်ကပ် နေခဲ့ပြီး အခုတော့ သူ့အကြောင်း ဝေဖန်တဲ့သူ တယောက် ဖြစ်တဲ့ Theogene Rudasingwa က ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

၁၉၉၄ ခုနှစ်တုန်းက သမ္မတ ဂျူဗီနယ် စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ကို ပစ်ချဖို့ သူက အမိန့်ပေးခဲ့တာလို့ မစ္စတာ ကာဂါမေက ထုတ်ဖော် ကြွားဝါခဲ့တာကို သူကြားခဲ့ရတယ်လို့ သီယိုဂီနီ ရူဒါစင်ဂွာက ဆိုပါတယ်။

ဒီလေယာဉ် ပျက်ကျမှုကြောင့် ရာနဲ့ချီတဲ့ လူတွေ သေဆုံးခဲ့ရသလို အများစုဟာ တွတ်ဆီ တိုင်းရင်းသား လူမျိုးစုနွယ်ဝင်တွေ ဖြစ်တာကြောင့် ဒီကိစ္စကို ရာဝမ်ဒါမှာ လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ် ရှုမြင်ကြပါတယ်။

ဒီတိုက်ခိုက်မှုမှာ သူပါဝင်ပတ်သက်မှု မရှိပါဘူးလို့ မစ္စတာ ကာဂါမေက ထပ်တလဲလဲ ငြင်းဆို ခဲ့ပါတယ်။

မစ္စတာ ရူဒါစင်ဂွာဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သမ္မတ ကာဂါမေကို ပိုတိုးပြီး ဝေဖန်လာတဲ့အတွက် သူ့နောက်ကွယ်မှာ အကြမ်းဖက်မှုနဲ့ သူ့ကို ထောင်ဒဏ် နှစ်ရှည်ချထား ခံခဲ့ရတာ ဖြစ်ပါတယ်။