ဒလိုင်လားမား တူးတူး မွေးနေ့ မတက်နိုင်

  • 5 အောက်တိုဘာ 2011
Dalai Lama ဓာတ်ပုံ မူပိုင် AP
Image caption တရုတ်က ဖိအားပေးလို့ ဒလိုင်းလားမားကို ဗီဇာ အချိန်မှီ ထုတ်မပေးဘူးလို့ ဝေဖန်ကြ

တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင် လားမားက တောင်အာဖရိကက ဘုန်းတော် ကြီး ဒက်စမွန် တူးတူးရဲ့ မွေးနေ့ကို တက် ရောက်နိုင်မှာ မဟုတ်ဖူးဆိုတဲ့ သတင်းတွေ ကြောင့် ဒေါသထွက်မိတယ်လို့ ဘုန်းတော် ကြီး တူးတူးက ပြောပါတယ်။

ဒလိုင်လားမားက ဗီဇာ မရနိုင်တာကို သိလို့ တောင်အာဖရိက ခရီးကို ဖျက်သိမ်းလိုက် ပါတယ်။

တောင်အာဖရိက အစိုးရကတော့ ဗီဇာ လျှောက်ထားမှု အပိုင်းမှာ စည်းကမ်းဘောင် မဝင်တာတွေ ရှိလို့ ဗီဇာ အချိန်မှီ ထုတ်ပေးနိုင်မှာ မဟုတ်ဖူးလို့ ပြောပါတယ်။

ဒါပေမယ့် ဘုန်းတော်ကြီး တူးတူးက ဒါဟာ ရှက်စရာ ကောင်းတယ်၊ တောင်အာဖရိက အစိုးရဟာ တရုတ်အစိုးရရဲ့ ရက်ရက်စက်စက် ဖိနှိပ်တာ ခံနေရတဲ့ တိဘက်တွေကို ထောက်ခံသင့်တယ်လို့ ပြောပါတယ်။

တရုတ် အစိုးရက တောင်အာဖရိက အစိုးရကို ဖိအားပေးတဲ့ အတွက် ဒလိုင်လားမားကို အချိန်မှီ ဗီဇာ ထုတ်မပေးတာလို့ ဝေဖန်သူတွေက ပြောပါတယ်။