တားမြစ်ဆေးဝါး သုံး ဘူးပေမယ့် အိုလံပစ် ဝင်နိုင်

  • 6 အောက်တိုဘာ 2011
LaShawn Merritt
Image caption အရင် က တားမြစ် ဆေးသုံး ဘူးတဲ့ အပြေးသမား LaShawn Merritt အိုလံပစ် ပွဲ မှာ ဝင်နိုင်ပြီ ဖြစ်

တားမြစ်ဆေးဝါး သုံးစွဲမှု နဲ့ အားကစား ပြိုင်ပွဲ ဝင်ခွင့် ပိတ်ပင် ခံရတဲ့ အားကစား သမား တွေ အနေနဲ့ ပိတ်ပင် ခံရတဲ့ ကာလ ကို လိုက်နာ ပြီးရင် အိုလံပစ် ပြိုင်ပွဲ တွေ မှာ ဝင်ပြိုင် နိုင်ခွင့် ရှိတယ် လို့ အားကစား နဲ့ ပတ်သက်တဲ့ အမြင့်ဆုံး တရားရုံး က ဆုံးဖြတ် လိုက် ပါတယ်။

အရင်တုန်း က တားမြစ် ဆေးဝါး သုံးစွဲ ဘူးတဲ့ အားကစား သမား ဆိုရင် အိုလံပစ် ပွဲ မှာ မပြိုင်ဖို့ ပိတ်ပင်ထားပေမယ့် အခုတော့ အားကစား ဆိုင်ရာ အငြင်းအခုံများ ညှိနှိုင်း ပေးရေး တရားရုံး က ဒီ ပိတ်ပင်ခဲ့တဲ့ စည်းမျဉ်း ကို ပါယ်ဖျက် လိုက်တဲ့ သဘောပါ။

အမေရိကန် အပြေးသမား LaShawn Merritt က နိုင်ငံတကာ အိုလံပစ် ကော်မီတီ IOC ရဲ့ အဲဒီ စည်းမျဉ်း ကို ပြင်ဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပြီး အခု သူ အနိုင်ရ သွားတဲ့ အတွက် လာမယ့်နှစ် လန်ဒန် အိုလံပစ် မီတာ ၄၀၀ အပြေးပြိုင်ပွဲ မှာ သူ ပြိုင်ခွင့် ရသွား ပါပြီ။

IOC ဘက်ကတော့ တားမြစ်ဆေး ဆန့်ကျင်ရေး ဆိုင်ရာ နိုင်ငံတကာ အားကစား အဖွဲ့ ကနေ တဆင့် ပိတ်ပင်တဲ့ စည်းမျဉ်း ဆက်လက် ရှိနေအောင် ပြန်လည် ကြိုးစာ မယ် လို့ ဆိုပါတယ်။