အိုင်ဖုန်း နဲ့ အိုင်ပက် ဖန်တီးရှင် ကွယ်လွန်

  • 6 အောက်တိုဘာ 2011

အက်ပဲလ် Apple ကုမ္ပဏီကို နည်းပညာ တခေတ် ဆန်းစေပြီး ကမ္ဘာကျော် ထိပ်တန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်လာအောင် စွမ်းဆောင် ခဲ့သူ စတိဗ် ဂျော့ ကွယ်လွန်သွား ခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အက်ပဲလ် ကို ကမ္ဘာကျော်စေ ခဲ့သူ ကွယ်လွန်

အသက် ၅၆ နှစ် အရွယ် စတိဗ် ဂျော့ဟာ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားမှာ ပန်ကရိယ ကင်ဆာ နဲ့ ကွယ်လွန် သွားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဂျော့ဟာ ကမ္ဘာပေါ်က လူ သန်းပေါင်း များစွာ နေ့စဉ်သုံးစွဲ နေတဲ့ အက်ပဲလ် မက် Apple Mac ကွန်ပြူတာ၊ အိုင်ပေါ့ နဲ့ အိုင်ဖုန်း တို့ကိုလည်း တီထွင် ဖန်တီးခဲ့သူ ဖြစ် ပါတယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေ၊ စီးပွား ရေး ပြိုင်ဖက် တွေနဲ့ သူ့ကို လေးစား ချစ်ခင် သူတွေ အားလုံးက သူကွယ်လွန်မှု အပေါ် ဝမ်းနည်းကြောင်း ဖော်ပြကြပါတယ်။