ဆာ့တ်တမြို့လုံးနီးပါးကို ကြားဖြတ်အစိုးရတပ်တွေ ထိန်းချုပ်ပြီ

  • 7 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အစောပိုင်းကတော့ ကဒါဖီသစ္စာခံတွေရဲ့ ခုခံမှုတွေကို အပြင်းအထန် ခံခဲ့ရပါတယ်

လစ်ဗျား အသွင်ကူးပြောင်းရေး အစိုးရတပ် ဖွဲ့တွေဟာ ကဒါဖီ နောက်လိုက် တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆာ့တ်မြို့ကို အလုံး အရင်းနဲ့ တိုက်ခိုက်ခဲ့ ပြီးနောက် အခုတော့ မြို့အားလုံးနီးပါးကို ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါပြီ။

တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာဟာ မြို့ကိုဝိုင်းရံကာ ရောကက်တွေ၊ မော်တာတွေ တင့်ကားကအမြှောက်တွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

ဆာ့တ်မြို့ကောင်းကင်ယံပေါ်ကို မီးခိုးလုံး​တွေ တက်လာခဲ့ပြီး၊ အဆောက်အဦး များစွာဟာ လည်း မီးလောင်ခဲ့ပါတယ်။

အစောပိုင်းကတော့ တိုက်ခိုက်ရေးသမားတွေဟာ ကဒါဖီသစ္စာခံတွေရဲ့ ခုခံမှုတွေကို အပြင်း အထန် ခံခဲ့ရပါတယ်။

နှစ်ဘက် တိုက်ခိုက်ရေးသမား အများအပြား သေကျေထိခိုက်မှုတွေ ရှိခဲ့တယ်လို့ မြို့လယ်မှာ ရောက်ရှိနေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဒါပေမယ့်လို့ အရပ်သားတွေ ဘယ်လောက်အထိ ထိခိုက် သေဆုံးခဲ့ရတယ် ဆိုတာကတော့ ဘယ်သူမှာ သိနိုင်မှာ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။