စပိန်နဲ့ အီတလီ အကြွေး အဆင့်ချခံရ

  • 8 အောက်တိုဘာ 2011
Euro ဓာတ်ပုံ မူပိုင် Reuters
Image caption စပိန်နဲ့ အီတလီ နှစ်နိုင်ငံ အကြွေး အဆင့် ချခံရပြီး ယူရို တန်ဖိုးကျ

အီတလီနဲ့ စပိန် အစိုးရတွေရဲ့ ကြွေးမြီ ပြန်ဆပ်နိုင်စွမ်း အဆင့်ကို အကြွေး အဆင့် အတန်း သတ်မှတ်တဲ့ ဖိချ ကုမ္ပဏီက မနေ့က အဆင့် ချလိုက်တဲ့ အတွက် ယူရိုဇုံထဲ စီးပွားရေး အရ အကြီးဆုံး နိုင်ငံကြီးတွေထဲ အပါအဝင် ဖြစ်တဲ့ စပိန်နဲ့ အီတလီ နှစ်နိုင် ငံရဲ့ စီးပွားရေးဟာ ဘေးကျပ် နံကျပ် အနေအထားကို ရောက်သွားပါတယ်။

နှစ်နိုင်ငံ စလုံးရဲ့ အကြွေး အဆင့်အတန်းကို ဖိချ ကုမ္ပဏီက အေနှစ်လုံး အနုတ်ကနေ အေအနုတ် ကို အဆင့် ချလိုက်ပါတယ်။

ဥရောပရဲ့ အကြွေး အကျပ်အတည်းဟာ အီတလီ နိုင်ငံအတွက် အန္တရယ် ပိုကြီးပြီး အီတလီ အစိုးရက အစပိုင်းမှာ အကြွေး စျေးကွက်ရဲ့ တောင်းဆိုချက်တွေကို မပြတ်မသား တုန့်ပြန် ခဲ့တာမို့ အီတလီ စီးပွားရေးကို ရင်းနှီး မြှတ်နှံသူတွေက အယုံအကြည် ကျလာခဲ့တယ်လို့ ဖိချ ကုမ္ပဏီက ပြောပါတယ်။

စပိန် အတွက်ကတော့ စီးပွားရေး ဖွံဖြိုးမှုနှုန်း နှေးကွေးမှုနဲ့ နိုင်ငံထဲက စားသုံးသူတွေနဲ့ လုပ်ငန်း ပိုင်ရှင်တွေ ဆပ်စရာ ရှိတဲ့ အကြွေးတွေ တခြား နိုင်ငံတွေထက် သိသိသာသာ များနေတဲ့ အချက်တွေက အဓိက ချိမ်းခြောက်မှုတွေ ဖြစ်နေတယ်လို့ ဖိချ ကုမ္ပဏီက ပြောပါတယ်။