ရာထူးက ဆင်းပေးမယ်လို့ ယီမင် သမ္မတ ပြောပြန်ပြီ

  • 9 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ယီမင်သမ္မတ Ali Abdullah Saleh

ယီမင်နိုင်ငံမှာ သမ္မတ Ali Abdullah Saleh ဟာ မကြာခင် ရက်ပိုင်း အတွင်း ရာထူးက ဆင်းပေးလိမ့်မယ်လို့ ပြောပါတယ်။

သူဟာ အာဏာမက်တဲ့သူ မဟုတ်ဘူးလို့ ပြောပေမယ့် ရာထူးက ဆင်းပေမယ့် ရက်အတိအကျကို ပြောမသွားခဲ့ပါဘူး။

သူရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန် လနဲ့ချီ ရင်ဆိုင်ခဲ့ရတုန်း ကလည်း အခုလို ပြောခဲ့ပေမယ့် နောက်ဆုံး အချိန်ရောက်တော့ ဒီသဘောတူချက်ကို ပြန်ရုတ်သိမ်း ခဲ့ဘူးပါတယ်။

အတိုက်အခံတွေ အနေနဲ့ သူ့စကားကို မယုံဘူးလို့ မကြာခင်တုန်းကမှ နိုဗယ် ငြိမ်းချမ်းရေး ဆုရခဲ့တဲ့ Tawakul Karman က ပြောပါတယ်။

ဒါပေမယ့် မစ္စတာ ဆာလေးဟာ အာဏာကို ဆက်လက် စွဲကိုင်ထားမှာ မဟုတ်တော့ ပါဘူးလို့ ယီမင် ပြန်ကြားရေး ဝန်ကြီးက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။