ဆာ့ထ်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်စဲ

  • 9 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ပွဲ ပြင်းထန်နေတဲ့ Sirte မြို့ အခြေအနေ

လစ်ဗျားနိုင်ငံမှာ ကဒါဖီရဲ့ တပ်တွေ ထိန်းချုပ်ထားရာ Sirte မြို့က နေရာတွေကို တဖြည်းဖြည်း တိုးတိုးပြီး တိုက်ခိုက် သိမ်းပိုက်လာနိုင်ပြီလို့ လက်ရှိ အုပ်ချုပ်နေတဲ့ အသွင်ကူးပြောင်းရေး ကောင်စီ NTC ရဲ့ တပ်ဖွဲ့တွေက ပြောပါတယ်။

ဒါပေမယ့် အမြောက် ဗုံးဆန် လက်နက်ကြီးတွေနဲ့ အကြီးအကျယ် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး မြို့က အရေးပါတဲ့ ပစ်မှတ် တခုကိုမှ မသိမ်းနိုင်သေးဘဲ လွှတ်တော် အစည်းအဝေး ကျင်းပတဲ့ နေရာနား တဝိုက်မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ရက်အတန်ကြာ အပြင်းအထန် ဖြစ်နေတဲ့ တိုက်ပွဲ အခြေအနေကြောင့် လူတွေ ရာနဲ့ချီ သေဆုံး ဒဏ်ရာ ရခဲ့ပြီး မြို့ခံတွေဟာ အိမ်ပြင် မထွက်ရဲဘဲ ပိတ်မိနေတယ်လို့ သတင်းတွေ ရရှိပါတယ်။

တိုက်ပွဲဖြစ်ပွားရာ မြို့ရဲ့ တနေရာမှာ ဆိုရင် အမေရိကန် ဒေါ်လာ နှစ်သန်းနဲ့ ညီမျှတဲ့ လစ်ဗျားနိုင်ငံသုံး ငွေစက္ကူသစ် အများအပြားကို ကဒါဖီ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက သိမ်းဆည်းရမိ ခဲ့ပါတယ်။