ဆိုမာလီက ကစ်မာယိုမြို့ကို အစားအစာ ဖြန့်ဝေနိုင်

  • 8 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကစ်မာယိုမြို့ကို ထရပ်ကား ၁၅ စီး ရောက်လာ တယ် လို့ ဘီဘီစီ သတင်းထောက်ကပြော

ဆိုမာလီနိုင်ငံ တောင်ပိုင်းက အဲလ်ရှာဘတ် အစ္စလာမ်မစ် သူပုန်အဖွဲ့ ထိန်းချုပ်ထားရာ ကစ်မာယို ဆိပ်ကမ်းမြို့မှာ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကနေ ပထမဦးဆုံးနေနဲ့ အစားအသောက် အကူအညီတွေကို ဖြန့်ဝေ ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီမြို့ကို ထရပ်ကား ၁၅ စီးပါတဲ့ ယာဉ်တန်း ဆိုက်ရောက်လာတာဖြစ်တယ်လို့ ဆိုမာလီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခုပတ်ထဲမှာ ဆိုမာလီနိုင်ငံတောင်ပိုင်းက အစာရေစာ ငတ်မွတ်နေကြတဲ့ လူပေါင်း ၁ သန်း ကျော်အတွက် အစားအသောက် အကူအညီတွေ အကြီးအကျယ် စတင် ဖြန့်ဝေနေရာ အခု ကစ်မာယိုမြို့ကိုလည်း တစိတ်တပိုင်းအနေနဲ့ အကူအညီတွေ ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကြက်ခြေနီအဖွဲ့ဟာ အဲလ်ရှာဘတ်အဖွဲ့နဲ့ ခက်ခက်ခဲခဲ ဆွေးနွေး ညှိနှိုင်းခဲ့ပြီးမှ အခုလို အကူအညီပေးရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

လယ်သမား ၂ သိန်းကျော်အတွက်လည်း အပင်မျိုးစေ့တွေနဲ့ ဓာတ်မြေသြဇာတွေ ပေးမယ်လို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ပြောပါတယ်။