ဆာပေါလ်ရဲ့ တတိယ မင်္ဂလာပွဲ

  • 9 အောက်တိုဘာ 2011
paul_mccartney ဓာတ်ပုံ မူပိုင် Reuters
Image caption ဆာပေါလ် မက္ကာတနီ နဲ့ နန်စီ ရှဲဗဲလ်

တချိန်က နာမည်ကျော် ဘီးတဲလ် အဖွဲ့ရဲ့ အဖွဲ့ဝင် တဦး ဖြစ်တဲ့ ဆာပေါလ် မက္ကာတနီ ဟာ တတိယ အကြိမ် မြောက် အဖြစ် လက် ထပ် လိုက်ပါတယ်။

သူ့ရဲ့ သတို့သမီးကတော့ အမေရိကန် က အမွေစား အမွေခံ သူဌေး သမီး ဖြစ်တဲ့ နန်စီ ရှဲဗဲလ် ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ထပ် ပွဲ ကိုတော့ လန်ဒန် မြို့က အိုးလ်ဒ် မာလီဘုန်း မြို့တော် ခမ်းမ မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို လာရောက် အားပေး ကြတဲ့ ပရိတ်သတ် တွေက ကောင်းချီး ဩဘာတွေ ပေးခဲ့ ကြ ပြီး ဆာပေါလ် ကလဲ သူ အင်မတန် မှ ဝမ်းမြောက်မိကြောင်း ကို ပြောကြားသွားပါတယ်။

ဒီနေ့ မင်္ဂလာ ပွဲဟာဖြင့် ဆာပေါလ် ရဲ့ ကွာရှင်းခဲ့ ပြီးဖြစ်တဲ့ ဟဲသာမေးလ်နဲ့ ဒုတိယ မင်္ဂလာပွဲ လို မဟုတ်ဘဲ အကျယ် မချဲ့ဘဲ ကျင်းပခဲ့ တာ ဖြစ်ပါတယ်။ အခု သူ လက်ထပ် ခဲ့တဲ့ မြို့တော် ခန်းမ ကလဲ သူ့ရဲ့ ပထမ ဇနီး လင်ဒါနဲ့ လက်ထပ် ခဲ့တဲ့ နေရာပဲ ဖြစ်ပါတယ်။