လစ်ဗျား ဆာ့တ်မြို့တိုက်ပွဲတွေ ပြင်းထန်နေ

  • 9 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption NTC တပ်ဖွဲ့တွေဟာ ဆာ့တ်မြို့ ကွန်ဗန်ရှင်း စင်တာ ကို ဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်

လစ်ဗျား အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ NTC တပ်ဖွဲ့တွေဟာ ဆာ့တ်မြို့က အဓိကကျတဲ့ နေရာတခုကို အပြည့်အဝ သိမ်းပိုက်နိုင်ဖို့ နီးကပ်လာနေပြီ ဖြစ်ပါ တယ်။

NTC တပ်ဖွဲ့တွေဟာ ကဒါဖီတပ်ဖွဲ့တွေ အကြီး အကျယ်ခုခံနေခဲ့တဲ့ ကြီးမားတဲ့ ဆာ့တ်မြို့ ကွန်ဗန်းရှင်း စင်တာကို ဝင်ရောက်ခဲ့ပြီ ဖြစ်တယ် လို့ အဲဒီမှာရှိနေတဲ့ သတင်းထောက်တွေက ပြောပါတယ်။

ဒါပေမယ့် ခြံဝန်းတခုလုံးကို သိမ်းနိုင်ခဲ့ပြီလား ဆိုတာကတော့ အတည် မပြုနိုင်သေး ဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

ကဒါဖီတပ်ဖွဲ့တွေကို မီးကုန်ယမ်းကုန် ဝင်တိုက်ခဲ့တဲ့ သောကြာနေ့ကစလို့ အခုလို မဟာ ဗျူဟာအရ အရေကြီးတဲ့ နေရာတခုကို သိမ်းယူနိုင်ဖို့ရာ NTC တိုက်ခိုက်ရေး သမား အတော်များများ ပေးဆပ်လိုက်ရပြီး၊ တခြား တိုက်ခိုက်ခိုက်ရေးသမား ရာပေါင်းများစွာ ကတော့ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဆာ့တ်မြို့ထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ လည်း တိုးပွားနေပါတယ်။