ကဒါဖီ တပ်တွေကို ချောင်ပိတ်ဖမ်း ပေမယ့် ဆက်လက် ခုခံဆဲ

  • 11 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption တိုက်ပွဲ အပြင်းအထန် နောက်တရက် ထပ်ဖြစ်

လစ်ဗျားနိုင်ငံက ဗိုလ်မှူးကြီး ကဒါဖီရဲ့ မွေးဇာတိ ဆာ့ထ်မြို့မှာ နောက်တရက် ထပ် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြို့လယ်မှာ ကဒါဖီ ထောက်ခံတဲ့ သူတွေကို ချောင်ပိတ် အမိဖမ်း နိုင်ခဲ့ပြီလို့ ကဒါဖီ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက ပြောပါတယ်။

ကဒါဖီရဲ့ တိုက်ခိုက်ရေး သမားတွေကို ပင်လယ် ကမ်းစပ်နားမှာ အိမ်နီးချင်း နှစ်နိုင်ငံ တွေဆီ မောင်းထုတ် နိုင်ခဲ့ပေမယ့် အဲဒီတပ်တွေက ဆက်လက် ကြံကြံခံ ပြန်တိုက် နေဆဲဘဲ လို့ ကြားဖြတ် အစိုးရ ရဲ့ စစ်တပ် အကြီးအကဲတွေက ဆိုပါတယ်။

သံတမန်ရေး အရတော့ ဆီးရီးယားနိုင်ငံက အတိုက်အခံ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ NTC ဟာ ဆီးရီးယား ပြည်သူတွေကို ကိုယ်စားပြုတဲ့ တခုတည်းသော တရားဝင် အဖွဲ့အစည်း အဖြစ် လစ်ဗျား က အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီက ကြေညာလိုက်ပြီး အဲလို ဆီးရီးယား NTC အပေါ် အသိအမှတ်ပြု ကြေညာချက် ထုတ်တာ လစ်ဗျားဟာ ပထမဆုံး နိုင်ငံ ဖြစ်ပါတယ်။