Al Shabaab စစ်သွေးကြွ တွေကို မိုဂါဒစ်ရူးက မောင်းထုတ်လိုက်ပြီ

  • 11 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အယ်ရှဘတ် အဖွဲ့ ပြောခွင့်ရသူ

ဆိုမာလီ နိုင်ငံမှာ သူတို့ တပ်တွေက Mogadishu မြို့မှာရှိတဲ့ အစ္စလာမ် ဝါဒီ Al Shabaab စစ်သွေးကြွ တွေကို အဓိက နောက်ဆုံး အခြေကုပ်ယူထားတဲ့ နေရာ ကနေ မောင်းထုတ် လိုက်နိုင်ပြီလို့ အာဖရိက သမဂ္ဂ တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

အာဖရိက သမဂ္ဂနဲ့ ဆိုမာလီ တပ်ဖွဲ့တွေက အခုတော့ မြို့တခုလုံးကို ထိန်းချုပ် ထားလိုက်ပြီ လို့ ဘီဘီစီကို ဗိုလ်ချုပ်ကြီး General Fred Mugisha က ပြောပါတယ်။

အာဖရိက သမဂ္ဂ တပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် မိုဂါဒစ်ရှူးမြို့ မြောက်ပိုင်းမှာ စစ်သွေးကြွ တွေက အရပ်သားတွေ နေထိုင်ရာ ဒေသတွေကို ပစ်ခတ်နိုင်တဲ့ နေရာကနေ မောင်းထုတ် လိုက်နိုင်ပြီလို့ မစ္စတာ မူဂီရှာက ဆိုပါတယ်။

မိုဂါဒစ်ရူးမြို့က ဘီဘီစီ သတင်းထောက် အပြောအရ အယ်လ်ရှာဘတ် အဖွဲ့တွေဟာ Daynile ဆိုတဲ့ ဒေသ အပြင်ဘတ်မှာ ရှိနေစဲ ဖြစ်ပြီး သူတို့ဟာ ဆိုမာလီ တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ဒေသတော်တော်များများကို လွှမ်းမိုးထားဆဲဘဲလို့လည်း ပြောပါတယ်။