ရုရှ ဝန်ကြီးချုပ် တရုတ်ပြည် ရောက်ရှိ

  • 11 အောက်တိုဘာ 2011
Putin ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ ပူတင်က ရှေ့နှစ် သမ္မတ ရွေးကောက်ပွဲ မှာ ၀င်ပြိုင် မယ်လို့ ဆို

ရုရှ ဝန်ကြီးချုပ် ဗလာဒီ မျာပူတင် ဟာ တရုတ် နိုင်ငံကို ၂ ရက်ကြာ တရားဝင် ခရီးစဉ် အဖြစ် ရောက်ရှိ နေပါတယ်။

လာမယ့်နှစ် သမ္မတ ရွေး ကောက်ပွဲ မှာ သူ ဝင်ပြိုင်မယ် လို့ ကြေညာ ခဲ့ပြီး တဲ့နောက် ဒါဟာ သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ် ပါတယ်။

မစ္စတာ ပူတင်ဟာ တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင် နဲ့ တွေ့ဆုံ ခဲ့ ပါတယ်။

သူတို့ နှစ်ဦး ဟာ ကုန်သွယ် ရေးနဲ့ ပတ်သက် တဲ့ကိစ္စ တွေကို အဓိက ဆွေးနွေး ခဲ့ကြပြီး နှစ်နိုင်ငံ ကြား ဒေါ်လာ ၇ ဘီလျံ တန်ဖိုး ရှိတဲ့ ကုန်သွယ်ရေး သဘော တူညီချက် တွေကို လက်မှတ် ရေးထိုး လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

ရုရှက သဘာဝ ဓါတ်ငွေ့တွေ တရုတ် နိုင်ငံ ကို ရောင်းချရေး နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ သဘော တူညီချက် ရလုနီး ပြီလို့ မစ္စတာ ပူတင်က ထုတ်ဖော် ပြောခဲ့ ပါတယ်။