ဘန်ကောက်မြို့ မှာ ရေတား တမံတွေ ပြင်ဆင်နေ

  • 11 အောက်တိုဘာ 2011
Thai flood ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်း နိုင်ငံ မြောက်ပိုင်း မှာ ရေကြီးမှုနဲ့ အကြီးအကျယ် ကြုံနေရ

ထိုင်းနိုင်ငံ မှာ နှစ်ပေါင်း များစွာ အတွင်း အဆိုးဆုံး ရေကြီး မှုကြောင့် ဘန်ကောက်မြို့ ထဲကို ရေတွေ ဝင်လာ နိုင်တာကို တားဆီးဖို့ အတွက် ရေကာ တမံ တွေကို အလုပ် သမားတွေ က အချိန် လုပြီး ပြင်ဆင် တည်ဆောက် နေကြ ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အကြီးအကျယ် ရေကြီး မှုနဲ့ ကြုံနေ ရပါတယ်။

ရေဘေး ဒဏ်ကို အဆိုးဆုံး ခံရတဲ့ အယုဒ္ဓယ မြို့မှာ လူတွေဟာ ကယ်ဆယ်ရေး စခန်းမှာ ကြပ်ညပ်ပြီး နေကြ ရပါတယ်။

တရုတ်၊ ဂျပန်နဲ့ အရှေ့ တောင်အာရှ နိုင်ငံ တွေမှာ မုတ်သုန် မိုးကြီးမှုနဲ့ တိုင်ဖုန်း မုန်တိုင်းတွေကြောင့် လူ ရာနဲ့ ချီပြီး သေဆုံး ခဲ့ရ ပါတယ်။