ရေပိုင်နက်ကိစ္စ ဖြေရှင်းရေး တရုတ်-ဗီယက်နမ် သဘောတူ

  • 12 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဗီယက်နမ်မှာတော့ တောင်တရုတ်ပင်လယ် ကိစ္စ တင်းမာနေဆဲဖြစ်ပါတယ်

တောင်တရုတ်ပင်လယ်မှာ ခါးသီးလှတဲ့ ရေပိုင်နက်အငြင်းပွားမှုတွေ ရံဖန်ရံခါ ဖြစ်ပွားနေတဲ့ ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် တရုတ်နဲ့ ဗီယက်နမ် နှစ်နိုင်ငံဟာ သဘောတူ စာချုပ်တခုကို လက်မှတ် ရေးထိုး လိုက်ပါပြီ။

အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်း ရေး အတွက် အရေးပေါ် တယ်လီဖုန်း လိုင်းတွေ ကို ဖွင့်ထားမှာ ဖြစ်သလို၊ နှစ်နိုင်ငံ အာဏာပိုင် တွေဟာ တနှစ်ကို ၂ ကြိမ် တွေ့ဆုံမှာလည်း ဖြစ်ပါတယ်။

အဲဒီတောင်တရုတ်ပင်လယ်ဟာ ကုန်တင်သင်္ဘောတွေအတွက် အရေးကြီးတဲ့ လမ်းကြောင်း တခုဖြစ်ပြီး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ သိုက်တွေ အများကြီး ရှိနေနိုင်တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ ရေပိုင်နက် နယ်ခြားပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ နိုင်ငံတကာ ဥပေဒတွေပေါ် အခြေခံသင့်ကြောင်းနဲ့ ဖြေရှင်းချက် ရလဒ်တွေအပေါ် နှစ်နိုင်ငံစလုံးက လက်ခံဖို့ သဘောတူ ခဲ့ ကြပါတယ်။