တရုတ် အမေရိကန် ကုန်သွယ်ရေးစစ် တရုတ် သတိပေး

  • 12 အောက်တိုဘာ 2011
ywan ဓာတ်ပုံ မူပိုင် AFP
Image caption ယွမ်ငွေ တန်ဖိုး ချထားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်ကို ကန် ဒဏ်ခပ်ဖို့ လုပ်ဆောင်လာ

တရုတ်ယွမ်ငွေနဲ့ အမေရိကန် ဒေါ်လာလဲ လှယ်ရာမှာ ယွမ်ငွေ တန်ဖိုးကို နှိမ့်ချ ထားမှု အတွက် တရုတ်ကို ဒဏ်ခပ်ဖို့ ရည်ရွယ်တဲ့ ဥပဒေကြမ်း တခုကို အမေရိကန် အထက် လွှတ်တော်က ထောက်ခံ လိုက်ပါတယ်။

ဒီဥပဒေကြမ်းအရ ကိုယ့်ငွေတန်ဖိုးကို တမင် ချပြီး ပို့ကုန် အားကောင်းအောင် လုပ်နေတဲ့ နိုင်ငံတွေက တင်ပို့တဲ့ ကုန်တွေကို အခွန် တိုးကောက်တော့မှာ ဖြစ်ပါတယ်။

ခုဥပဒေကြမ်းကို ရီပတ်ဗလစ်ကန်တွေ ကြီးစိုးထားတဲ့ အောက်လွှတ်တော်မှာ မဲခွဲမှာ ဖြစ်ပြီး ရီပတ်ဗလစ်ကန် အမတ်တွေကတော့ ဒီဥပဒေကြမ်းကို ဆန့်ကျင်ပါတယ်။

တရုတ် ဗဟိုဘဏ်ကတော့ ခုဥပဒေကြမ်းကနေ ကုန်သွယ်ရေးစစ် ဖြစ်လာနိုင်တယ်လို့ သတိ ပေးနေပါတယ်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကတော့ ဒီဥပဒေကြမ်းဟာ အမေရိကန် ပြည်သူတွေရဲ့ စိတ်ပျက်မှုကို ထင်ဟပ် နေတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။