အစ္စရေး စစ်အကျဉ်းသား ပြန်လွတ်တော့မည်

  • 12 အောက်တိုဘာ 2011
Shalit ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေး စစ်အကျဉ်းသား တပ်ကြပ်ကြီး ရှာလစ်

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပါလက်စတိုင်း နယ်ထဲ ကျူးကျော် ဝင်ရောက် ခဲ့မှုနဲ့ ဖမ်းဆီး ထားတဲ့ အစ္စရေး စစ်တပ်က တပ်ကြပ်ကြီး အဆင့်ရှိသူ ဂီလတ် ရှာလစ် ဆိုသူကို အစ္စရေးကို ပြန်ပို့ပေးမယ့် သဘော တူညီချက် တခုကို ဟာမားစ စစ်သွေးကြွ အဖွဲ့နဲ့ ရရှိခဲ့ပြီလို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပြောပါတယ်။

အစ္စရေး တပ်ကြပ်ကြီး ပြန်လွတ်လာအောင် အစ္စရေး နိုင်ငံထဲမှာ အမျိုးသားရေး ပမာ သဘောထား လှုပ်ရှားခဲ့ကြပြီး သူ ပြန်လွတ်လာအောင် အစ္စရေး အစိုးရတွေက အမျိုးမျိုး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

မနေ့ကတော့ ဝန်ကြီးချုပ် နေတန်ယာဟုက ကက်ဘိနက် အစည်းအဝေး အပြီးမှာ တပ်ကြပ် ကြီး ဂီလတ် ရှာလစ် ရက်ပိုင်း အတွင်း အိမ်ပြန်လာတော့မယ်လို့ တနိုင်ငံလုံးကို ရုပ်မြင် သံကြားကနေ ကြေညာသွားပါတယ်။

တဘက်မှာ အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား တထောင်လောက်ကို ပါလက်စတိုင်းကို လွှဲပေးရမှာ ဖြစ်ပါတယ်။