ဆော်ဒီသံအမတ် လုပ်ကြံမှုနဲ့ အီရန်ကို ကန်စွပ်စွဲ

  • 12 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် ရှေ့နေ့ချုပ် အဲရစ် ဟိုဒါ ဖမ်းဆီးမှု အကြောင်း ရှင်းလင်း

အမေရိကန် ဆိုင်ရာ ဆော်ဒီ အာရေဗျ သံအ မတ်ကြီးကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်မှု နဲ့ အီရန် နိုင်ငံသား နှစ်ယောက်ကို အမေရိ ကန် အာဏာပိုင်တွေက ဖမ်းဆီး ခဲ့ပါတယ်။

ခုလုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်မှုကို အီရန် အစိုး ရက စီစဉ် ညွှန်ကြား အထောက်အပံ့ ပေးခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုဒါက ပြောပြီး အမေရိကန် အနေနဲ့ သူတို့ မြေကို တခြား နိုင်ငံတွေက စစ်မြေပြင်လို အသုံး ချတာမျိုး အဖြစ် မခံနိုင်ဘူးလို့ ပြောပါတယ်။

အက်ဖဘီအိုင် ဒါရိုက်တာကလည်း ခုလုပ်ရပ်ကို ဟောလိဝုဒ် ရုပ်ရှင်နဲ့ ခိုင်းနှိုင်းခဲ့ပြီး လူ့အ သက်ပေါင်း များစွာ သေဆုံးနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကတော့ အီရန် အစိုးရကို ပြတ်ပြတ် သားသား ပြောချိန် တန်ပြီ၊ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ဝိုင်းကြဉ်ဖို့ အချိန်တန်ပြီလို့ ပြောခဲ့ပါတယ်။

အီရန်ကတော့ အမေရိကန်တွေရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။