Ellen Johnson Sirleaf ရွေးကောက်ပွဲမှာ လိုအပ်တဲ့ မဲမရ

  • 13 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption နိုဗယ်ဆုရှင် လိုင်ဘီးရီးယား သမ္မတ Ellen Johnson Sirleaf

လိုင်ဘီးရီးယား နိုင်ငံက သမ္မတ ရွေးကောက်ပွဲမှာ ကနဦး ရလဒ်တွေ အရ လက်ရှိ သမ္မတ Ellen Johnson Sirleaf ဟာ သူရဲ့ အနီးကပ် ပြိုင်ဘက်ကို ကျော်တက်သွားခဲ့ပေမယ့် လိုအပ်တဲ့ မဲအရေအတွက် မရခဲ့ပါဘူး။

မဲပုံးအရေအတွက် နည်းနည်းလောက်ဘဲ ရေတွက် ရသေးပေမယ့် မဲအားလုံးရဲ့ ၄၄ ရာခိုင်နှုန်းသာ ရထားပြီး သံတမန်ဟောင်း တယောက် ဖြစ်တဲ့ သူ့ပြိုင်ဘက် Winston Tubman ကတော့ ၂၆ ရာခိုင်နှုန်း ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

တယောက်တည်း မဲအများစုနဲ့ အနိုင်မရခဲ့ရင် မဲအများဆုံး ရထားတဲ့ သမ္မတလောင်း နှစ်ယောက် ဒုတိယ အကျော့ ထပ်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အခု လွှတ်တော်အမတ် တယောက် ဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်း Prince Johnson က မဲ ၁၃ ရာခိုင်နှုန်းနဲ့ တတိယ နေရာမှာ ရှိနေပါတယ်။

ပြည်တွင်းစစ် အပြီး လိုင်ဘီးရီးယား ပြန်လည်ထူထောင်ရေး လုပ်ခဲ့တဲ့ လက်ရှိ သမ္မတ အဲလ် ဂျွန်ဆင် ဆာလိဖ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နိုဗယ် ငြိမ်းချမ်းရေး ဆု ချီးမြှင့်ခံခဲ့ရပေမယ့် ဝေဖန်သုံးသပ် သူတွေကတော့ သူဟာ ပြန်လည် တည်ဆောက်ရေး အပိုင်းမှာ သိတ်နှေးပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကိုလည်း ကောင်းကောင်း တိုက်ဖျက်ပစ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲ ပြောဆိုခဲ့ကြပါတယ်။