ဆိုမာလီမှာ ကယ်ဆယ်ရေး ဝန်ထမ်းတွေ ပြန်ပေးဆွဲ ခံရ

  • 13 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒုက္ခသည်များ ဆိုင်ရာ ကော်မရှင်နာမင်းကြီး Antonio Guterres

ဆိုမာလီယာနိုင်ငံ နယ်စပ်နားမှာ ကင်ညာ သေနတ်သမား တွေက နိုင်ငံခြားသား အကူအညီ ပေးရေး ဝန်ထမ်းနှစ်ဦးကို ဖမ်းခေါ်သွားခဲ့ပါတယ်။

MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့ က စပိန်လူမျိုး အမျိုးသမီး နှစ်ဦးကို Dabaab မြို့အနီးမှာရှိတဲ့ သူတို့ရဲ့စခန်းကနေ ဖမ်းသွားခဲ့တာပါ။

သူတို့ရဲ့ ကားဒရိုင်ဘာလည်း သေနတ်ပစ်ခံရပြီး ဒဏ်ရာ ရခဲ့ပါတယ်။

Dabaab စခန်းဟာ တိုက်ပွဲတွေ၊ ရိက္ခာ ပြတ်လတ်မှု တွေကြောင့် သိန်းနဲ့ချီပြီး ဆိုမာလီကနေ ထွက်ပြေး လာသူ တွေခိုလှုံနေတဲ့ နေရာ ဖြစ်ပါတယ်။

လူ့အသက်ကို ကယ်နေတဲ့ သူတွေကို အခုလို ရက်စက် ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့တာဟာ သည်းခံနိုင်စရာ မရှိဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ ကော်မရှင်နာမင်း ကြီး Antonio Guterres ကပြောပါတယ်။