ဘန်ကောက် ရေ မလွှမ်း အောင် လုပ်ဆောင် နေကြ

  • 13 အောက်တိုဘာ 2011
thai flood ဓာတ်ပုံ မူပိုင် Getty
Image caption အာယုဒ္ဓယ ခရိုင် မှာ လည်း ရေကြီး နေ

ထိုင်းနိုင်ငံ မြောက်ပိုင်း မှာ ရေကြီး နေပြီး အဲဒီ က ရေတွေ နိုင်ငံ တောင်ပိုင်း ဖြစ်တဲ့ ဘန်ကောက် မြို့တော် ကို ဆင်းလာ တာ အပြင် ပင်လယ် ဒီရေ မြင့်တက် လာမှု ကြောင့် မြို့ထဲ ရေအဝင် များ လာမှာ ကို ကြိုတင် ကာကွယ် တဲ့ စီမံ မှု တွေ မြို့တော် အတွင်း လုပ်ဆောင် နေရ ပါတယ်။

အလုပ် သမား တွေ က တူးမြောင်း တွေ ရေဆင်း ကောင်း အောင် ဆယ်တာ တွေ အပြင် တချို့ နေရာ တွေ မှာ ရေ တက်တာ ကို ကာကွယ်အောင် တာတမံ တွေ ဖို့ နေ ကြ ပါတယ်။

ဘန်ကောက် မြို့ ဟာ ပင်လယ် ရေမျက်နှာပြင် ထက် ၂ မီတာ သာ မြင့်ပြီး အခုဆိုရင် ဘန်ကောက် မြို့ က အနိမ့်ပိုင်း နေရာ တွေမှာ ရေလွှမ်း နေ ပါတယ်။

မြို့တွင်း က ရေတွေကို ပင်လယ် တွင်း ဆင်းသွားအောင် တူးမြောင်း တွေ က တဆင့် ဖောက် ချ သွားမယ် လို့ အာဏာပိုင် တွေ က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် လ အတွင်း ကတည်း က စတွက်ရင် ထိုင်းနိုင်ငံ အတွင်း ရေကြီး မှုကြောင့် လူပေါင်း ၃၀၀ ခန့် အသက် ဆုံးရှုံးရပြီး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း က ခရိုင် တခု ဖြစ်တဲ့ နွန် ဘူရီ ခရိုင်မှာ ကားလမ်း တွေ ရေလွှမ်း နေ ပြီး ခရီးသွားလာ ဖို့ လှေ တွေ ကို သုံးနေ ကြရတယ် လို့ ပြောပါတယ်။