ထရီပိုလီမှာ တိုက်ပွဲတွေ ပြန်ဖြစ်

  • 15 အောက်တိုဘာ 2011
Libya ဓာတ်ပုံ မူပိုင် BBC World Service
Image caption ထရီပိုလီမှာ တိုက်ပွဲတွေ ပြန်ဖြစ်

လစ်ဗျား နိုင်ငံ ထရီပိုလီ မြို့တော်ကို ကဒါဖီ ဆန့်ကျင်ရေး တပ်တွေ သြဂုတ်လက သိမ်း လိုက်ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် တိုက်ပွဲတွေ ပြန်ဖြစ်ပွား ခဲ့ပါတယ်။

ကဒါဖီကို ထောက်ခံသူ လက်နက်ကိုင်တွေနဲ့ လက်နက်ကြီးတွေ မြို့ထဲ သွင်းလာတဲ့ အသွင် ကူးပြောင်းရေး ကောင်စီရဲ့ တပ်တွေ မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

သောကြာနေ့ ဝတ်ပြု ဆုတောင်းပွဲ အပြီးမှာ ကဒါဖီကို ထောက်ခံသူတွေက သူ့ရဲ့ သင်္ကေတ ဖြစ်တဲ့ အစိမ်းရောင် အလံကို လွှင့်ထူဖို့ ကြိုးစားရာမှာ တိုက်ပွဲ စဖြစ်တာလို့ မြို့ခဲ့တွေက ပြောပါတယ်။

နောက်ပိုင်းမှာ အသွင် ကူးပြောင်းရေး ကောင်စီက အခြေအနေကို အပြည့်အဝ ပြန်ထိန်း နိုင်ပြီ ဆိုပြီး ကြေညာ သွားပါတယ်။