ဆိုမားလီးယားမှာ အယ်ခိုင်ဒါ နေရာ ဝင်ယူ

  • 15 အောက်တိုဘာ 2011
Somalia ဓာတ်ပုံ မူပိုင် other
Image caption ဆိုမားလီးယားမှာ လူခုနှစ်သိန်းကျော် အငတ်ဘေးဆိုက်

ဆိုမားလီးယားက အငတ်ဘေး ဆိုက်နေ သူတွေ အတွက် အယ်ခိုင်ဒါ ကွန်ယက်ရဲ့ အထောက် အပံ့တွေ ပေးအပ်တဲ့ အခမ်း အနားကို ဆိုမာလီ အစ္စလာမ် ဝါဒီ အဖွဲ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အယ်ခိုင်ဒါကို ကိုယ်စားပြုသူ ဆိုပြီး သူ့ကိုယ်သူ ထုတ်ဖော် မိတ်ဆက်လာသူ အမေရိကန် နိုင်ငံ သား တယောက်က အခမ်းအနားမှာ မိန့်ခွန်း ပြောပါတယ်။

မိုဂါဒစ်ရှုး မြို့တော်ကနေ ကီလိုမီတာ ငါးဆယ် အကွာလောက်က မြို့တမြို့မှာ ရိက္ခာဝေတဲ့ အခမ်းအနားကို ပြုလုပ် ခဲ့ပါတယ်။

ဆိုမားလီးယား နိုင်ငံမှာ လူခုနှစ်သိန်းခွဲလောက်ဟာ ငတ်မွတ်မှုနဲ့ အသက် ဆုံးရှုံးရမယ့် အန္တရယ် ရှိနေတဲ့ကြားက ဒီအစ္စလာမ် ဝါဒီ အဖွဲ့က နိုင်ငံတကာ ကယ်ဆယ် ထောက်ပံ့ရေး အဖွဲ့တွေကို သူတို့ နယ်တွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခွင့် တားဆီး ပိတ်ပင်ထားပါတယ်။