ဘန်ကောက်မြို့ ရေကြီးမှုကို ကာကွယ်

  • 15 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘန်ကောက်မြို့ တဝိုက် သဲအိတ်တွေ ထပ်ဖြည့် နေပြီး၊ အကာအရံတွေလုပ် ပြုလုပ်နေ

ဇူလိုင်လကစပြီး နိုင်ငံတဝှန်း နေရာအတော် များများ ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပွား နေတဲ့ ထိုင်းနိုင်ငံမှာ အခုတော့ မြို့တော် ဘန်ကောက်မှာပါ အကာ အကွယ်တွေ ပြုလုပ် နေရပြီ ဖြစ်ပါတယ်။

စစ်တပ်နဲ့ အရပ်ဖက် ကူညီရေးသမားတွေဟာ ဘန်ကောက်မြို့ တဝိုက် သဲအိတ်တွေ ထပ်ဖြည့် နေပြီး၊ ရေမဝင်နိုင်အောင် အကာအရံတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

ဇူလိုင်လကစလို့ ရေကြီးလာနေတာဟာ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံ လောက်အထိကို ရှိလာနေပြီ ဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၅၀ အတွင်း အဆုံးဝါးဆုံး ဖြစ်ပါတယ်။

လူပေါင်း ၂၉၈ ဦးလည်း သေဆုံးသွားခဲ့ရပြီဖြစ်ပြီး၊ နိုင်ငံမြောက်ဘက်ပိုင်းက ရွာတွေဟာ ဆိုရင် ရွာလုံးကျွတ် ရေလွှမ်းခံနေရပါတယ်။

ဘန်ကောက်မြို့ တချို့နေရာတွေမှာ ဆိုရင် ရေဟာ ရင်ခေါင်းလောက်အထိ မြင့်တက်နေပြီး၊ စီးပွားရေးအရ အချက်အခြာကျတဲ့ မြို့လယ်နေရာကတော့ ရေလွတ်လိမ့်မယ်လို့ အစိုးရက ယုံကြည်နေပါတယ်။