ထရစ်ပိုလီ မှာ လုံခြုံရေးတိုးမြှင့်

  • 16 အောက်တိုဘာ 2011
tripoli_libya ဓာတ်ပုံ မူပိုင် BBC World Service
Image caption ထရစ်ပိုလီ မြို့တော်

လစ်ဗျား နိုင်ငံက ထရစ်ပိုလီ မြို့တော် မှာတော့ အရင် ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး ကဒါဖီကို ထောက်ခံသူတွေနဲ့ တိုက်ပွဲ ငယ်တွေ ဖြစ်ခဲ့ အပြီး တရက် အ ကြာ မှာတော့ အစိုးရသစ် ဘက်က လုံခြုံ ရေး အစီအမံ တွေကို တိုးမြှင့် ချထား လိုက် ပါတယ်။

အမျိုးသား အသွင်ပြောင်း ကောင်စီဘက်က သောကြာနေ့က တိုက်ပွဲ တွေ ဖြစ်ခဲ့တဲ့ အဘူ ဆာလင်းမ် ရပ်ကွက် ထဲမှာ တအိမ် တက်ဆင်း ရှာဖွေ တာတွေ လုပ်နေသလို လမ်းတွေ ကို ပိတ်ဆို့ တာတွေ ကိုလဲ ပိုပြီး လုပ်ထားပါတယ်။

အခု တိုက်ပွဲ တွေဟာ ဖြင့် ပြီးခဲ့တဲ့ ဩဂုတ် လက ကဒါဖီ ဆန့်ကျင်ရေး တပ်ဖွဲ့တွေ ထရစ်ပိုလီ မြို့ကို ထိန်းချုပ် နိုင်ခဲ့ အပြီးမှာ ပထမ ဆုံး အကြိမ် ဖြစ်လာ တာပဲ ဖြစ်ပါတယ်။