ဆီးရီးယား အမျိုးသား စေ့စပ်ရေး အာရပ်အဖွဲ့ချုပ် ဆော်သြ

  • 16 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားက လူထု ဆန္ဒပြပွဲတွေ

ဆီးရီးယား နိုင်ငံက အကြမ်းဖက်မှုတွေ အဆုံးသတ်သွားအောင် နည်းလမ်းတွေ ရှာကြဖို့ အစိုးရနဲ့ အတိုက်အခံ အဖွဲ့တွေကြား အမျိုးသား သင့်မြတ်ရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်ကြပါလို့ အာရပ် အဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။

ကိုင်ရိုမြို့မှာ ကျင်းပနေတဲ့ အရေးပေါ် အစည်းအဝေးမှာ အာရပ် အဖွဲ့ချုပ် ကနေ ဆီးရီးယား ကို အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းထားဖို့ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားပြု နိုင်ငံခြားရေး ဝန်ကြီးတွေက မဆုံးဖြတ်ခဲ့ကြ ပေမယ့် ဆီးရီးယား အရေးမှာ သက်ဆိုင်တဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေ လာမယ့် သီတင်းနှစ်ပတ်အတွင်း ကိုင်ရိုမြို့မှာ ဆွေးနွေး ကြဖို့ အာရပ် အဖွဲ့ချုပ်က ပန်ကြားထားပါတယ်။

ဆီးရီးယား အစိုးရ ကတော့ ဆွေးနွေးဖို့ အရံ အစီအစဉ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ လက်ဘနွန် ဆီးရီးယား နယ်စပ်က Zabadani မြို့မှာ လုံခြုံရေး တပ်ဖွဲ့တွေက ထိုးစစ် အသစ်တွေ ဆက်နွှဲနေပြီလို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

တကယ်တော့ အဲဒီမြို့မှာ သမ္မတ အာဆက်ဒ် ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ စစ်တပ်က ဘက်ပြောင်း လာသူတွေနဲ့ လုံခြုံရေးတပ်တွေကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။