ကင်ညာတပ်ဖွဲ့တွေ ဆိုမာလီနိုင်ငံထဲ ဝင်ရောက်

  • 17 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption နိုင်ငံကာကွယ်ဖို့ အဲလ်ရှာဘတ်အဖွဲ့ကို လိုက် တိုက်ခွင့် ရှိတယ်လို့ ကင်ညာပြော

ကင်ညာနိုင်ငံ တပ်ဖွဲ့တွေဟာ အစ္စလာမ်မစ် စစ်သွေးကြွ အဲလ်ရှာဘတ်အဖွဲ့ကို တိုက်ခိုက် ဖို့အတွက် ဆိုမာလီနိုင်ငံထဲကို ဖြတ်ကျော် ဝင်ရောက်သွားပြီဖြစ်တယ်လို့ ကင်ညာ နိုင်ငံခြားရေး ဝန်ကြီး မိုးဇက် ဝက်တန် ဂူလာက အတည်ပြုပြောကြား ပါတယ်။

အခုလို ဆိုမာလီနိုင်ငံထဲ ဝင်ရောက်ခဲ့ရတာဟာ ဆိုမာလီနိုင်ငံကို တိုက်ခိုက်နေတာ မဟုတ် ကြောင်းနဲ့ ဆိုမာလီဟာ သူတို့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ နိုင်ငံတခုဖြစ်ပါတယ်လို့ မစ္စတာ ဝက်တန်ဂူလာက ဘီဘီစီကိုပြောတယ်။

ကင်ညာနိုင်ငံရဲ့ နယ်မြေတွေကို ကာကွယ်ဖို့ အတွက် အဲလ်ရှာဘတ်အဖွဲ့တွေကို လိုက်တိုက် ခွင့် ရှိတယ်လို့ မစ္စတာ ဝက်တန်ဂူလာက ပြောပါတယ်။

အဲလ်ရှာဘတ်အဖွဲ့ဟာ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲခဲ့တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါ တယ်။

ကုလသမဂ္ဂက သူတို့လုပ်ဆောင်ရမယ့် ဆိုမာလီက ကိစ္စရပ်တွေကို မလုပ်ဆောင်ခဲ့ဘူးလို့ မစ္စတာ ဝက်တန်ဂူလာက ပြောပါတယ်။

အဲလ်ရှာဘတ်အဖွဲ့ ပြောခွင့်ရသူကတော့ နိုင်ငံခြားသားတွေကို သူတို့ ပြန်ပေးဆွဲတာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အဲလ်ရှာဘတ်အဖွဲ့ကို တိုက်ခိုက်နေတဲ့ စစ်ပွဲကြောင့် ကင်ညာနိုင်ငံရဲ့ စီးပွားရေးကို ပျက်ဆီး စေနိုင်တယ်လို့လည်း အဲလ်ရှာဘတ် ပြောခွင့်ရသူက သတိပေးပြောကြားလိုက်ပါတယ်။