Gilad Shalit နဲ့လဲဖို့ အစ္စရေး တရားရုံးက ခွင့်ပြုမိန့်ချ

  • 18 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေး စစ်သား Gilad Shalit

အစ္စရေး စစ်သားတယောက်နဲ့ ထိန်းသိမ်းခံ ပါလက်စတိုင်း တထောင်နီးပါးကို လဲလှယ်ဖို့ အစ္စရေး တရားရုံးက ခွင့်ပြုချက် အမိန့် ချမှတ် လိုက်ပါတယ်။

စစ်သားကတော့ ၂ဝဝ၆ခုနှစ်တုန်းက ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့က ဖမ်းပြီး ဂါဇာမှာ ထိန်းသိမ်းထားတဲ့ အစ္စရေး စစ်သား Gilad Shalit ဂီလာဒ်် ရှာလစ် ဖြစ်ပါတယ်။

ပါလက်စတိုင်းတွေ တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အစ္စရေး လူမျိုးတွေရဲ့ မိသားစုတွေက အခု လဲလှယ်ဖို့ ကိစ္စအပေါ် သဘောမတူတဲ့ လက်မှတ်ရေးထိုး ကန့်ကွတ်မှု ကိုတော့ တရားရုံးက ပယ်ချခဲ့ပါတယ်။

ဒီကိစ္စမှာ အချိန်ဆွဲနေတာနဲ့ အမျှ သူတို့သား ဂီလာဒ် ရှာလစ်ကို တဖက်က သတ်ဖြတ် ပစ်နိုင်တယ်လို့ ရှာလစ် အဖေက တရားသူကြီးတွေကို တရားရုံးမှာ ကြားနာနေချိန် အတွင်း ပြောခဲ့သလို သေဆုံးသွားတဲ့ အစ္စရေး လူမျိုး မိသားစုဝင် တွေကလည်း မကြာခဏ ကြားဖြတ် ဝင်ရောက် နှောက်ယှက် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ပထမ အသုတ် အနေနဲ့ ဖမ်းထားတဲ့ ပါလက်စတိုင်း ၄ရရ ယောက်ကို လာမယ့် အဂါနေ့မှာ အစ္စရေးက ပြန်လွှတ်ပေးမယ်လို့ ယူဆရပြီး ပါလက်စတိုင်းဖက်က အစ္စရေး စစ်သား ရှာလစ်ကို လဲလှယ်တဲ့ အနေနဲ့ ပြန်လွှတ်ပေးမှာပါ။

နောက်တသုတ် ဖြစ်တဲ့ ပါလက်စတိုင်း အယောက် ၅၅ဝ ကိုတော့ နှစ်လ အတွင်း အစ္စရေးက ပြန်လွှတ် ပေးရမှာ ဖြစ်ပါတယ်။