ဂီလဒ်ရှာလစ် အိမ်ပြန်ရောက်

  • 19 အောက်တိုဘာ 2011
_gilad ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂီလဒ်ရှာလစ်

အစ္စရေးစစ်သား ဂီလဒ် ရှာလစ် ဟာ ဂါဇါမှာ ငါးနှစ်ကြာ အဖမ်းခံထားရာကနေ အခုတော့ လွတ်မြောက်လာပြီး အစ္စရေး ရှိမိသားစု နဲ့ ပြန်လည်ပေါင်းစည်း မိသွားပါပြီ။

အစ္စရေး မြောက်ပိုင်းရှိ သူ့ဇာတိမြို့ မိဇီပ်ဟီလာ မြို့ခံတွေဟာ သူ့အိမ်ဆီ သွားရာ လမ်းတလျှောက်မှာ အဖြူရောင် ပန်းပွင့်တွေ ထောင်နဲ့ ချီပြီး ကြဲထားပြီး ဂီလဒ်ကို ကြိုဆိုကြတာပါ။

ဖခင်ဖြစ်သူ က ဂီလဒ်ဟာ တစိမ်းတွေကြားထဲမှာ နှစ်ပေါင်းများစွာ တိုက်ပိတ်ခံ နေခဲ့ရတဲ့ အတွက် စိတ်ဒဏ်ရာတွေ ခံစားခဲ့ရလို့ အခုလို သူ့ကို ဝိုင်းဝန်းကြိုဆို ကြတာကို ဘယ်လိုပြန်လည် နှုတ်ခွန်းဆက် တုံ့ပြန်ရမှန်း မသိတတ်အောင် ဖြစ်နေကြောင်း ရှင်းပြပါတယ်။

ထို့ အတူ ပါလက်စတိုင်း တွေ ရဲ့ လက်ချက်နဲ့ သေဆုံးကြသူတွေ ရဲ့ မိသားစု တွေအနေနဲ့လဲ ဂီလဒ် ကို ပါလက်စတိုင်း အကျဉ်းသား တွေနဲ့ အလဲအလှယ်ပြု တဲ့အပေါ် ခံပြင်းမှု ဝေဒနာ ကို နားလည်နိုင်တဲ့ အကြောင်း ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ရာမင် နက်တန်ရာဟု ကလည်း ဟားမားတွေနဲ့ အပေးအယူတည့် အောင် လုပ်ရတဲ့ သဘောတူညီချက်ဟာလည်း သူ့အတွက် အင်မတန် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ပုံ ရှင်းပြပါတယ်။