ကဒါဖီ သေဆုံးသွားပြီ

Gaddafi ဓာတ်ပုံ မူပိုင် AFP
Image caption ဒဏ်ရာရထားတဲ့ ကဒါဖီရဲ့ ပုံဆိုတဲ့ မိုဘိုင်းဖုံးနဲ့ ရိုက်ယူထားတဲ့ ပုံတွေလဲ ထွက်လာ

လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီကို ဆာ့တ်မြို့က တိုက်ပွဲမှာ ဖမ်းမိလိုက်ပြီလို့ လစ်ဗျားရဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီကနေ ကြေငြာလိုက် ပါတယ်။

ကဒါဖီရဲ့ ဇာတိမြို့ဖြစ်တဲ့ ဆာ့တ်မြို့ထဲမှာ သူ့ကို ဖမ်းဆီးစဉ်အတွင်း ပစ်ခတ်မှုကြောင့် သူ့ရဲ့ ခြေထောက်နှစ်ဘက်စလုံးမှာ ဒဏ်ရာရ သွားတယ်လို့ တပ်မှူးတစ်ဦးက ပြောပါတယ်။

ကဒါဖီဟာ မနက်စောစောမှာ ဆာ့တ်မြို့က ယာဉ်တန်းတခုနဲ့ ထွက်ပြေးဖို့ ကြိုးစားနေတုန်း သူ့ကို တွေ့ပြီး ဖမ်းဆီးခဲ့တာလို့လဲ အမျိုးသားကောင်စီ အရာရှိကြီး တယောက်က ဘီဘီစီကို ပြောပါတယ်။

ကဒါဖီ ရထားတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားပြီဆိုတဲ့ သတင်းမျိုးတွေလဲ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာနေပါတယ်။

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ဘီဘီစီကနေ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

မြို့တော် ထရီပိုလီမှာတော့ လူထုက အောင်ပွဲခံတဲ့ အနေနဲ့ ကား ဟွန်းတွေတီးပြီး သေနတ်တွေ မိုးပေါ်ထောင် ပစ်နေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။