ခြိုးခြံချွေတာရေး ဥပဒေကြမ်း လွှတ်တော်က အတည်ပြု

  • 21 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော်ရှေ့က ဆန္ဒပြသူတွေ

ဂရိနိုင်ငံမှာ ခြိုးခြံ ချွေတာရေး ဥပဒေ မူကြမ်းကို လွှတ်တော်က နောက်ဆုံး အတည်ပြု ပေးလိုက်ပါပြီ။

အဲဒီ ဥပဒေ မူကြမ်း အရ အများပိုင် လုပ်ငန်းတွေမှာ ဝန်ထမ်း လစာနဲ့ ပင်စင်တွေကို လျော့ချပြီး ၊ အခွန် တိုးကောက်ခံကာ အစိုးရ ဌာနတွေမှာ ဝန်ထမ်း သောင်းနဲ့ချီပြီး လျှော့ပစ်မှာ ဖြစ်ပါတယ်။

ဒီခြိုးခြံ ချွေတာရေး အစီအစဉ် အပေါ် ဆူပူ အကြမ်းဖက် ဆန္ဒပြမှုတွေ ဂရိမှာ နှစ်ရက်ကြာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုလို လွှတ်တော်မှာ ဒီဥပဒေ မူကြမ်းကို မဲခွဲ ဆုံးဖြတ်ခဲ့ ကြတာပါ။

လွှတ်တော်ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်း ဆန်ခတ် မှုတွေကြောင့် ဒဏ်ရာရပြီး လူတယောက် သေဆုံး သွားပါတယ်။

အခုနောက်ဆုံး အသုံးစရိတ် ဖြတ်တောက်မှုဟာ ဥရောပ သမဂ္ဂက ကူညီမယ့် စီးပွားရေး ပြန်လည် အားကောင်းစေမယ့် ထောက်ပံ့မှုတွေ ရဖို့ အရေးပါတဲ့ လိုအပ်ချက် တရပ် ဖြစ်ပါတယ်။