ကဒါဖီ သေဆုံးတဲ့ အတွက် လူထု အောင်ပွဲခံ ပျော်မြူး

  • 21 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကဒါဖီ သေလို့ အောင်ပွဲခံ ပျော်မြူး

ကဒါဖီ သေဆုံးတဲ့ သတင်းပြန့်နှံ့သွားတာနဲ့ လစ်ဗျား နိုင်ငံတလွှားမှာ အောင်ပွဲခံ ပျော်ရွှင်နေ ကြပါတယ်။

ထရစ်ပိုလီ မြို့တော်မှာ ဆိုရင် မိုးပေါ်ကို သေနတ်ပစ်ဖောက် အောင်ပွဲခံနေကြ သလို ထောင်သောင်းချီတဲ့ လူတွေ လမ်းတွေပေါ်မှာ အလံတွေ ဝှေ့ယမ်းပြီး အော်ဟစ်မြူးတူး နေကြပါတယ်။

ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ သဘောတွေကလည်း ဟွန်းသံတွေပေးခဲ့ ကြပြီး မစ်စရာတာ မြို့မှာဆိုရင် ညဉ့်နက်ပိုင်း အထိ ပျော်ပွဲခံနေကြပါတယ်။

ဆီရာ့ထ်မြို့ကို သိမ်းခဲ့တဲ့ ကဒါဖီ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေကလည်း အောင်ပွဲခံ နေကြပြီး တမြို့လုံးကို သူတို့ ထိန်းချုပ်ထားလိုက်ပြီလို့ ဆိုပါတယ်။

လစ်ဗျား နိုင်ငံတလွှားမှာ တိုက်ပွဲတွေ ပြီးဆုံးသွားပြီလို့ ထိပ်တန်း အရာရှိ Mahmoud Shammam မာမွတ် ရှာမန်က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။