ချွေတာရေး ဥပဒေ မူကြမ်း လွှတ်တော်က ကနဦး အတည်ပြုချက်ပေး

  • 20 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဂရိ လွှတ်တော်က ကနဦး အတည်ပြုချက် ပေးပြီ

ဂရိနိုင်ငံမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ ကြွေးမြီ ပြဿနာကို ဖြေရှင်းဖို့ ခြိုးချန်ချွေတာရေး အစီအစဉ်သစ် တခုကို လွှတ်တော်က ကနဦး အတည်ပြုချက် ပေးလိုက်ပါပြီ။

ခြိုးချန်ချွေတာရေး အစီအစဉ်ကို ကန့်ကွက် သပိတ်မှောက်ခဲ့လို့ ဆူပူဆန္ဒပြမှုတွေ နှစ်ရက်ကြာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒီဥပဒေမူကြမ်းကို မဲခွဲခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ခြိုးချန် ချွေတာရေး အစီအစဉ်အရ အစိုးရ အသုံးစရိတ်တွေ ဖြတ်တောက်ပြီး အခွန်တွေ တိုးမြှင့် ကောက်ခံမှာ ဖြစ်ပါတယ်။

ဆူပူဆန္ဒပြရာမှာ အိမ်တွင်းလုပ် ဗုံးတွေ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး လူပေါင်း သိန်းနဲ့ချီ ပါဝင်တဲ့ အကြီးမားဆုံး ဆန္ဒပြမှု ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ကြာသပတေးနေ့မှာ ဒီမူကြမ်းကို ဥပဒေအဖြစ် အသက်သွင်းနိုင်ဖို့ လွှတ်တော်မှာ မဲခွဲ ကြဦးမှာ ဖြစ်ပါတယ်။

အခု ခြိုးချန်ချွေတာရေး အစီအစဉ် တွေဟာ စီးပွားရေး ပြန်လည် ဦးမော့လာစေဖို့ ကူညီ ထောက်ပံ့ မှုရဲ့ တစိတ်တပိုင်း ဖြစ်ပေမယ့် ဒါဟာ ဂရိနိုင်ငံကို အကြွေးသံသရာထဲမှာ တဝဲလည်လည် ဖြစ်စေလိမ့်မယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။