ကဒါဖီ အလွန် လစ်ဗျား အနာဂတ်

  • 21 အောက်တိုဘာ 2011
gaddafi ဓာတ်ပုံ မူပိုင် bbc
Image caption ကဒါဖီ အလွန် လစ်ဗျား က စိမ်ခေါ်မှု တွေ အများအပြား နဲ့ ဖြစ်

ကဒါဖီ အစိုးရ ဖြုတ်ချနိုင်ရေး စစ်ပွဲ က အခု ကဒါဖီ သေဆုံးပြီး နောက်ပိုင်း မကြာခင် ပြီးဆုံး တော့မှာ ပါ။

ဒါပေမယ့် လစ်ဗျားရဲ့ အနာဂတ် နဲ့ပတ်သက်လို့ တော့ ကြားဖြတ် အစိုးရ အတွက် စိမ်ခေါ်မှု အကြီးအကျယ် တွေ့ ရမှာ လို့ သုံးသပ် နေကြ ပါတယ်။

ကဒါဖီ ရဲ့ အတိုက်အခံ တွေ လစ်ဗျား မှာ ငြိမ်းချမ်းရေး ဖော်ဆောင် နိုင် မလား ဆိုတဲ့ မေးခွန်း က တက်လာ နေပါပြီ။

အခု ကဒါဖီ ဆန့်ကျင်ရေး အင်အားစု တွေ က အတွေး အမြင် မတူ တဲ့ အဖွဲ့ များစွာ ပေါင်းစု ဖွဲ့ထားတာပါ။

သူတို့ ဘုံရန်သူ ကဒါဖီ လွန် ပြီး ကာလ မှာ သူတို့ကြား ကွဲပြားမှု တွေ တင်းမာမှု တွေ က ပြန်ပေး လာဦး မှာပါ။

လက်နက် တွေ ကလည်း နိုင်ငံ အ၀န်း က လူတွေဆီမှာ တင်းကြမ်း ပြည့်နေတဲ့ အခြေ အနေ ပါ။

အခု ကြားဖြတ် အစိုးရ အနေနဲ့ သူတို့ နိုင်ငံတွင်း မှာ ဥပဒေ စိုးမိုးရေး ကိစ္စ တွေ လုပ်ရ ပါဦး မယ်။

လက်နက်ကိုင် အရပ်သား တွေဆီ က လက်နက်တွေ သိမ်းယူ ပြီး နိုင်ငံ့ စစ်တပ် အသစ် တခု ကို တည်ဆောက်ရ ပါလိမ့်မယ်။

နိုင်ငံ ရဲ့ ရေနံထုတ်လုပ်ငန်း ကို စစ်မဖြစ်ခင် က ပုံမှန် အခြေအနေ ပြန်ရောက်အောင် လည်း ကြိုးပမ်း ရမယ့် အခြေအနေပါ။

နိုင်ငံရေး အရ ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဆွဲတာတို့ လူထုဆန္ဒခံယူပွဲ နဲ့ အတည် ပြုတာ တို့ ၊ ရွေးကောက်ပွဲ လုပ်တာ တွေ လုပ်ရ ပါဦးမယ်။

အခုလို ခက်ခဲတဲ့ စိမ်ခေါ်မှု တွေ က အများအပြား ပါ။

ဒါပေမယ့် လစ်ဗျား ဟာ ဓန ကြွယ်ဝ တဲ့ နိုင်ငံ တခု ဖြစ် တာ က တော့ အချက် အလက် ကောင်း တခု ဖြစ်ပါတယ်။

နောက်ပြီး လစ်ဗျား ကြားဖြတ်အစိုးရ မတည်ငြိမ်ရင် လစ်ဗျား နိုင်ငံ မတည်ငြိမ်ရင် ဒုက္ခ သည် တွေ ထွက်လာနိုင်တဲ့ အခြေအနေ တွေ ဖြစ်နေတဲ့ အတွက် လစ်ဗျား ကို တည်ငြိမ် အောင် ထိန်း ထားရေး ကိစ္စ က အထူး သဖြင့် ဥရောပ နိုင်ငံ တွေ အတွက် အရေး ကြီး ပါတယ်။

အင်္ဂလန် နဲ့ ပြင်သစ် တို့ က လူသားချင်း စာနာမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဒါဖီ ကို ဆန့်ကျင် ခဲ့ကြ ပေမယ့်လည်း လစ်ဗျား ရဲ့ အနာဂတ် ဟာ သူတို့ အကျိုးစီးပွား တွေ နဲ့ လည်း ချိတ်ဆက် နေ တာ ကြောင့် သူတို့ ရဲ့ သေနင်္ဂဗျူဟာ အရ အရေးပါနေတဲ့ လစ်ဗျား အဖို့ စိမ်ခေါ်မှု တွေ ကို ရင်ဆိုင်ရာမှာ နိုင်ငံတကာ အကူအညီ တွေ ရ နိုင် ကြောင်း ပါ။