ကဒါဖီအလောင်းကို ဘာလုပ်ကြမလဲ

  • 22 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အလောင်းကို လာရောက် ကြည့်ရှုသူတွေဟာ အနံ့ အသက်ဆိုးကို ခံနေရပါတယ်

လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီးကဒါဖီ သေဆုံးပြီး ၂ ရက်ကြာသည်အထိ သူ ဘယ်လို သေဆုံးခဲ့ပြီး၊ သူ့ရဲ့အလောင်းမှာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ ဘာမှ အသေအချာ မသိရ သေးပဲ ရှိနေပါတယ်။

သူ့ရဲ့အလောင်းကို မစ္စရာတာ မြို့က အသားတွေ ထားတဲ့ အအေးခန်းထဲမှာ ထည့်ထားပြီး၊ အလောင်းဟာ အခုတော့ စပြီး ပုပ်လာနေပြီ ဖြစ်ပါတယ်။

အနံ့အသက်ဆိုးတွေ ထွက်လာ နေပြီဖြစ်တာကြောင့် အလောင်းကို လာရောက် ကြည့်ရှုသူ တွေဟာ သူတို့ရဲ့ နှာခေါင်းတွေကို ပိတ်ကာထားကြပါတယ်။

အမျိုးမျိုးသော အဖွဲ့ခွဲတွေအကြား ကဒါဖီရဲ့အလောင်းကို ဘာလုပ်မလဲ ဆိုတာနဲ့ ပတ်သက် ပြီး၊ သဘောထား ကွဲလွဲမှုတွေ ရှိနေပုံပေါ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကဒါဖီ ဘယ်လို သေဆုံးခဲ့ရတယ်ဆိုတာကို အတိအကျ သိရှိရဖို့အတွက် သူ့ရဲ့အလောင်းကို သေမှုသေခင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်တော့မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လို့ တချို့ တပ်မှူးတွေကတော့ ခွဲစိတ် စစ်ဆေးတာမျိုးကို လုပ်မှာ မဟုတ်ဘူး လို့လည်း ပြောဆိုနေကြပါတယ်။