မြန်မာပြည် အလယ်ပိုင်း ရေကြီးမှု

  • 24 အောက်တိုဘာ 2011
burma flood
Image caption ရေကြီး လို့ ကျိုးခဲ့ရတဲ့ တံတား

မြန်မာ နိုင်ငံ အလယ်ပိုင်းမှာ အင်အား ကောင်းတဲ့ မုန်တိုင်းတွေ ကြောင့် ရေကြီး နေတဲ့ အတွက် လူပေါင်း ၁၀၀ ကျော် သေဆုံး ခဲ့ရပြီး ဖြစ်တယ် လို့ အမည်မဖော် လိုတဲ့ အစိုးရ အရာရှိ တဦးက အေအဖ်ပီ သတင်းဌာန ကို ပြောပါတယ်။

သူက ပြောကြား ရာမှာ လောလောဆယ် အထိ ပြောက်ဆုံး နေသူ ၁၀၆ ဦးထဲက ၃၅ ဦးရဲ့ အလောင်းတွေကို ဆယ်ယူ ရရှိခဲ့ ပြီးဖြစ်တယ်လို့ ဆိုလိုက်ပြီး နောက်ထပ် ၇၁ ဦးလောက် လဲ ရေကြီး မှုကြောင့် အသက် ဆုံးရှုံး ခဲ့ရဖွယ် ရှိတယ် လို့ဆို ပါတယ်။ ပြောက်ဆုံးနေသူ တွေကို ဆက်လက်ပြီး ရှာဖွေ နေဆဲ ဖြစ်ကြောင်း လဲပြော ပါတယ်။

မကွေးတိုင်း အတွင်းက မြို့ ပေါင်း ၄ မြို့ကို ပြီးခဲ့တဲ့ ကြာသပတေးနဲ့ သောကြာနေ့ တွေမှာ ရေလုံး ကြီးတွေ ဝင်ခဲ့လို့ အိမ်ခြေ ၂၀၀၀ ကျော်လောက် ရေထဲ မျောပါ သွားခဲ့ ရပြီးနောက် ထပ် အိမ်ခြေ ၆၀၀၀ ကျော်ဟာလဲ ရေမြုပ် နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရေဘေးကြောင့် ပျက်ဆီး ဆုံးရှုံးမှု တန်ဘိုးဟာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၇ သန်း လောက် ရှိနိုင်ကြောင်း နဲ့ ပခုက္ကူ မြို့မှာလဲ လူပေါင်း ၁၅၀၀ ကျော် အရေးပေါ် စခန်း ၂ ခုမှာ ခိုလှုံနေရ တယ်လို့ ဆိုပါတယ်။

နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာကတော့ တနင်္ဂနွေ နေ့ထုတ် သတင်းစာထဲမှာ ရေဘေး ကြောင့် သေဆုံးသူ ၃ ဦးနဲ့ ပြောက်ဆုံးသူ ၈၀ ကျော် ရှိတယ်လို့ ပဲ ဖော်ပြထားပါတယ်။

လေပြင်းနဲ့ မိုးသည်းထန် မှုတွေကြောင့် လမ်း၊ တံတားနဲ့ ဘုန်းကြီးကျောင်း တွေ ပျက်ဆီးခဲ့ရ ကြောင်း နဲ့ အခုတော့ ရေလဲ စပြီး ကျလာ နေကြောင်း ဆိုပါတယ်။

ဒေသတွင်းက အာဏာပိုင် တွေက ဝမ်းရောဂါ မပြန့်ပွား ရေးအတွက် လိုအပ်တဲ့ စားနပ် ရိက္ခာနဲ့ သောက်ရေသန့် တွေ၊ စတဲ့ အကူ အညီတွေကို စပြီး ဖြန့်ဝေ နေကြပြီ ဖြစ်တယ်လို့ လဲ ဖော်ပြထား ပါတယ်။ ပျက်ဆီး ခဲ့ရတဲ့ လမ်း နဲ့ တံတား တွေကို ပြင်ဆင် နေကြောင်းနဲ့ ရေကျ သွားတဲ့ နေရာ တွေမှာ ပုံမှန် ပြန်လည် သွား လာ နေကြကြောင်းလဲ ဖော်ပြထား ပါတယ်။