တူရကီမှာ ငလျင်ကြီး လှုပ်

  • 24 အောက်တိုဘာ 2011
turkey_earthquake ဓာတ်ပုံ မူပိုင် AFP
Image caption တူရကီငလျင် အပျက်အဆီးများ

တူရကီ နိုင်ငံ အရှေ့ပိုင်းမှာ လှုပ်ခဲ့တဲ့ ငလျင် ကြီးကြောင့် လူပေါင်း ၁၃၀ ဦးထက်မနည်း သေဆုံး သွား ခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရသူ လဲ ရာနဲ့ ချီပြီး ရှိတယ် လို့သိရ ပါတယ်။

ဒီငလျင်ကြီး ဟာ ပြင်းအား ၇ ဒဿမ ၂ ရှိပြီး အီရန် နဲ့ နယ်စပ် အနီးမှာ လှုပ်ခတ် သွား ခဲ့တာ ဖြစ်ပါတယ်။ သူ့နောက်မှာလဲ အင်အား ကောင်း တဲ့ နောက်ဆက်တွဲ ငလျင်တွေ လိုက်ပြီးလှုပ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

ဗန်မြို့နဲ့ အနီးက အာဆစ္စ မြို့တွေမှာ အဆောက်အအုံ ဒါဇင်ပေါင်း များစွာ ပြိုကျ ပျက်ဆီး ခဲ့ရပြီး အထဲမှာ လူပေါင်း များစွာ ပိတ်မိ နေကြ ပါတယ်။ ရုပ်မြင် သတင်းတွေ ထဲမှာတော့ ကယ်ဆယ်ရေး သမားတွေ က လက်တွေ၊ ပေါက်ပြား တွေ ကိုသုံးလို့ အပျက် အဆီး တွေ ကို တူးဖော် ရှာဖွေ နေကြ တာကို ပြသ သွားပါတယ်။

လူ ထောင်ပေါင်း များစွာ ဟာလဲ ညအပူချိန်က ရေခဲမတတ် အေးနေပေမဲ့ လမ်းတွေ ပေါ်မှာ ထွက်နေကြ ရတယ်လို့ သိရပါတယ်။ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တွေကိုလဲ ပေါက်ကွဲမှု တွေ မဖြစ် ရအောင် ပိတ်ထား လိုက်တယ်လို့ လဲ သိရပါတယ်။ တူရကီ ဝန်ကြီးချုပ် တေယစ် အာဒိုဝမ် ကတော့ အဲဒီ ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသ ဆီကို ထွက်ခွာ သွားခဲ့ ပြီဖြစ်ပါတယ်။