လစ်ဗျားမှာ ကဒါဖီထောက်ခံသူတွေ အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရ

  • 24 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် none
Image caption အသတ်ခံရသူအများစုဟာ ကဒါဖီအစိုးရ လက်ထက် က အရာရှိတွေ စစ်ဘက်အရာရှိတွေလို့ ဆို

လူအခွင့် အရေး လှုပ်ရှားတဲ့ အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ Human Rights Watch (HRW) လူ့ အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က လစ်ဗျား ခေါင်းဆောင် ဟောင်း ဗိုလ်မှူးကြီး ကဒါဖီရဲ့ နောက်ဆုံး အမာခံ မြို့ ဖြစ်တဲ့ ဆာ့တ် မြို့မှာ ကဒါဖီကို ထောက်ခံသူ ၅၃ ယောက်ကို အုပ်စုလိုက် သတ်ဖြတ် ထားမှု တွေ့ရှိ ခဲ့ရတယ်လို့ ထုတ်ဖော် ပြောလိုက်ပါတယ်။

ပလတ်စတစ်ကြိုးနဲ့ လက်နောက်ပြန်ကြိုး တုပ်ခံထားရသူ တချို့ ပါဝင်တဲ့ ပုပ်ပွ နေတဲ့ အလောင်း တွေကို ဆာတ့်မြို့က Mahari ဟိုတယ်မှာ တွေ့ခဲ့ရတယ်လို့ HRW အဖွဲ့က ထုတ်ပြန် တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

သတ်ဖြတ်မှုတွေ မဖြစ်ခင် အဲဒီ ဟိုတယ်ဟာ ကဒါဖီ ဆန့်ကျင်ရေး တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှု ရှိခဲ့တာလို့ ဆိုပါတယ်။

အလောင်းတွေ ဆီကနေ သွေးတွေ တိုက်ရိုက် စီးကျနေတဲ့ အပြင် မြေကြီး ပေါ်မှာလည်း ကျည်ခွံ တွေရှိနေခဲ့ ပါတယ်။

တွေ့ရတဲ့ အထောက်အထားတွေ အရ သေဆုံးသူအားလုံ မဟုတ်ရင်တောင် သေဆုံးခဲ့ကြသူ တချို့ဟာ လူသူ စွန့်ခွါသွားတဲ့ ဟိုတယ် ထဲမှာ ဖမ်းဆီး ခံထားရစဉ် သေနတ်နဲ့ အပစ်ခံရပြီး သေဆုံး ခဲ့ကြတာ ဖြစ်တယ် လို့ အခိုင်အမာ ပြသနေကြောင်း အစီရင် ခံစာထဲမှာ ဖော်ပြထား ပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့ အမျိုးမျိုးရဲ့ နာမည် တွေကို အဲဒီ ဟိုတယ်ရဲ့ နံရံ တွေမှာ ထင်ထင်ရှားရှား ရေးထားတာ တွေ့ရတဲ့ အတွက် အဲဒိ အဖွဲ့တွေ ဒီနေရာမှာ ထိန့်ချုပ် ခဲ့တယ် ဆိုတာ ညွန်ပြ နေတယ်လို့ ဘီဘီ စီ သတင်းထောက် Mark Doyle က ပြောပါတယ်။

ဒေသခံတွေ ကတော့ သေဆုံးသူအများစုဟာ ဆာ့တ် မြို့ခံတွေ ဖြစ်ကြပြီး အဲဒီထဲမှာ ဗိုလ်မှူးကြီး ကဒါဖီ အစိုးရဟောင်း လက်ထက်က အရာရှိတွေနဲ့ စစ်တပ်အရာရှိတွေ ပါဝင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့ကို ပြောပါတယ်။

HRW အဖွဲ့ ကတော့ အခု အစုလိုက် အပြုံလိုက် ကွပ်မျက်ခံရတယ်လို့ ယူဆရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ချက်ချင်း လက်ငင်း ပွင့်လင်း မြင်သာတဲ့ စုံစမ်း စစ်ဆေးမှု ပြုလုပ်ဖို့ နဲ့ တာဝန်ရှိသူတွေကို တရားဥပဒေ အရ အရေးယူဖို့ လစ်ဗျား နိုင်ငံ တခွင်ကို ထိန်းချုပ် ထား နိုင်ပြီလို့ ကြေညာ ထားတဲ့ လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ NTC ကို တောင်းဆို ထားပါတယ်။